Prologue 1

7K 155 0
                                    

Unicode

အချစ်ဆိုတဲ့အရာမှာ အတ္တတွေစွန်းထင်းနေတတ်တယ်ဆိုတာ လက်သင့်မခံနိုင်စရာဖြစ်နေလား။ တချို့ကတော့ပြောတယ် "အချစ်ဆိုတာ ပေးဆပ်ခြင်း" တဲ့။ "ပိုင်ဆိုင်လိုခြင်းမရှိတဲ့အချစ်ကသာ အချစ်စစ်" တဲ့။ ပေးဆပ်ခြင်းမရှိ ပိုင်ဆိုင်လိုခြင်းနတ္ထိနဲ့ အချစ်သူရဲကောင်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ သဘာဝကျတဲ့အချစ်တစ်ခုမှာ ချစ်တဲ့သူကို ကိုယ့်တစ်ယောက်အတွက်သာဖြစ်စေလိုတဲ့ အတ္တတွေရှိတယ်။ သဝန်တိုခြင်းတွေ တွန့်တိုခြင်းတွေရှိတယ်။ ကျွန်တော်ချစ်တဲ့အချစ်က ၅၂၈ လို သတ္တဝါအပေါင်းအေးချမ်းပါစေဆိုတဲ့ အချစ်မျိုးမှ မဟုတ်ဘဲဗျာ။ ကိလေသာဆယ်ပါးကို သန္တာန်နှစ်ရပ်ပေါင်း ၁၅၀ နဲ့မြှောက်ရင်ရတဲ့ ၁၅၀၀ အချစ်နဲ့ချစ်တာမျိုးကိုး။ ဒီအချစ်ကြောင့်ပဲ ကျွန်တော်တို့လည်း ပူလောင်ရသလို ကျွန်တော်တို့ချစ်တဲ့သူတွေလည်း ပူလောင်ရတာပါပဲ။ ဒါပေမယ့် ဒီအချစ်ကိုပဲ မက်မောတတ်ကြတာလည်း လူ့သဘောသဘာဝပဲမဟုတ်လား။ ကျွန်တော်တို့လည်း လူတွေထဲကလူပဲမို့ ဘယ်လောက်ပဲပူလောင်တယ်ဆိုဦးတော့ ဒီအချစ်ကို ဖက်တွယ်နေဆဲ၊ ဖက်တွယ်နေမြဲပါပဲ။ အချစ်ကိုရိုးမယ်ဖွဲ့နေသော်ငြားလည်း အရင်းအမြစ်ကို ဆန်းစစ်ကြည့်တော့ ကျွန်တော့်အတွက်တော့ အစ်ကို သည်သာ ဖက်တွယ်ရာ...။

Zawgyi

အခ်စ္ဆိုတဲ့အရာမွာ အတၱေတြစြန္းထင္းေနတတ္တယ္ဆိုတာ လက္သင့္မခံႏိုင္စရာျဖစ္ေနလား။ တခ်ိဳ႕ကေတာ့ေျပာတယ္ "အခ်စ္ဆိုတာ ေပးဆပ္ျခင္း" တဲ့။ "ပိုင္ဆိုင္လိုျခင္းမ႐ွိတဲ့အခ်စ္ကသာ အခ်စ္စစ္" တဲ့။ ေပးဆပ္ျခင္းမ႐ွိ ပိုင္ဆိုင္လိုျခင္းနတၳိနဲ႔ အခ်စ္သူရဲေကာင္းေတြလည္း ႐ွိေကာင္း႐ွိႏိုင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သဘာဝက်တဲ့အခ်စ္တစ္ခုမွာ ခ်စ္တဲ့သူကို ကိုယ့္တစ္ေယာက္အတြက္သာျဖစ္ေစလိုတဲ့ အတၱေတြ႐ွိတယ္။ သဝန္တိုျခင္းေတြ တြန္႔တိုျခင္းေတြ႐ွိတယ္။ ကြၽန္ေတာ္ခ်စ္တဲ့အခ်စ္က ၅၂၈ လို သတၱဝါအေပါင္းေအးခ်မ္းပါေစဆိုတဲ့ အခ်စ္မ်ိဳးမွ မဟုတ္ဘဲဗ်ာ။ ကိေလသာဆယ္ပါးကို သႏၲာန္ႏွစ္ရပ္ေပါင္း ၁၅၀ နဲ႔ေျမႇာက္ရင္ရတဲ့ အခ်စ္နဲ႔ခ်စ္တာမ်ိဳးကိုး။ ဒီအခ်စ္ေၾကာင့္ပဲ ကြၽန္ေတာ္တို႔လည္း ပူေလာင္ရသလို ကြၽန္ေတာ္တို႔ခ်စ္တဲ့သူေတြလည္း ပူေလာင္ရတာပါပဲ။ ဒါေပမယ့္ ဒီအခ်စ္ကိုပဲ မက္ေမာတတ္ၾကတာလည္း လူ႕သေဘာသဘာဝပဲမဟုတ္လား။ ကြၽန္ေတာ္တို႔လည္း လူေတြထဲကလူပဲမို႔ ဘယ္ေလာက္ပဲပူေလာင္တယ္ဆိုဦးေတာ့ ဒီအခ်စ္ကို ဖက္တြယ္ေနဆဲ၊ ဖက္တြယ္ေနၿမဲပါပဲ။ အခ်စ္ကို႐ိုးမယ္ဖြဲ႕ေနေသာ္ျငားလည္း အရင္းအျမစ္ကို ဆန္းစစ္ၾကည့္ေတာ့ ကြၽန္ေတာ္႕အတြက္ေတာ့ အစ္ကို သည္သာ ဖက္တြယ္ရာ...။

မောင့်သည်းညှာWhere stories live. Discover now