Prologue 2

2.9K 91 2
                                    

Unicode

ဘဝမှာ တစ်ခါတော့ မမျှော်လင့်ထားတာတွေဖြစ်လာတတ်တယ်ဆိုတာ တကယ်ဗျ။ ကျွန်‌တော့်ဘဝမှာ မိန်းကလေးတွေ ထည်လဲတွဲခဲ့ဖူးပေမယ့် ယောက်ျားလေးတစ်ယောက်နဲ့ တွဲဖြစ်လိမ့်မယ်လို့ ဘယ်လိုမှမထင်ထားတာ။ တွဲဖြစ်တာထက်တောင် ပိုပါတယ်။ ကျွန်တော်ချစ်မိသွားတာ။ ခပ်ဆိုးဆိုး ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ကိုပေါ့။ ချစ်ချင်စရာလည်းမကောင်းပေမယ့် သူ့ရဲ့ချုပ်နည်းအဖြာဖြာထဲမှာ ကျွန်တော်ခြေချုပ်မိသွားတယ်ပေါ့ဗျာ။ ပြောမယ့်သာပြောတာ ကျွန်တော့်ကောင်လေးက ကျွန်တော့်ကို တော်တော်ချစ်တာ။ ကျွန်တော့်ကို ‌ခေါ်ပုံက သည်းညှာတဲ့။ သူ့အသည်းရဲ့ အသက်အညှာမို့လို့တဲ့။ ဘယ်လောက်အူယားစရာကောင်းလိုက်လဲ။ သူက အချစ်လည်းကြီးတယ်။ အမျက်လည်းကြီးတယ်ဆိုတဲ့ လူစားမျိုးဗျ။ ချစ်တတ်လွန်းတဲ့အပြင် အူတိုတဲ့နေရာမှာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။ အဲ့လိုသဝန်တိုတတ်လွန်းလို့လည်း ကျွန်တော်နဲ့ ခဏခဏပြဿနာတက်ရတယ်ပေါ့ဗျာ။ ကျွန်တော်ကလည်း ဘာကြောင့်မှန်းမသိ သူနဲ့မပြတ်နိုင်ပါဘူး။ သူ့ရဲ့တဇွတ်ထိုးဆန်တဲ့အကျင့်ကြောင့် ရန်ဖြစ်ပြီးတိုင်း သူပြန်ခေါ်ရင် အကုန်မေ့မေ့ပျောက်ပျောက်ပါပဲ။ အတူရှိရမယ့်အချိန်လေး ပြန်အဆင်ပြေရမယ့်အချိန်လေးမှာ စိတ်ရှုပ်စရာတွေခေါင်းထဲမထည့်ချင်တော့ဘူး။ သူကကျ အဲ့လိုမဟုတ်ဘူး။ အတိတ်ကိုတူးဖော်ရတာကြိုက်တဲ့ကောင်လေး။ တစ်ခါတစ်လေကျ အတွေးကလွန်သေးတယ်။ သူ့အတွေးတွေက ဒဿနဆန်ပေမယ့် လက်တွေ့မဆန်ဘူး။ သူ့ကို အမီလိုက်ရတာ နည်းနည်းတော့ခက်တယ်ဗျ။ မိန်းကလေးတွေနဲ့တုန်းက ရက်ရက်စက်စက်ဖြတ်ပစ်ခဲ့လို့များ ဝဋ်လည်သလားတော့မသိပါဘူး။ သူနဲ့ကျမှ အတုံးအရုံးကျရှုံးတော့တာပဲ။ မောင့်ကို ချစ်မိခြင်းက ဝဋ်ဆို မည်သည့်အခါမှ မပြီးဆုံး‌သောလည်ခြင်းနဲ့ လည်‌နေစေချင်တဲ့ ဝဋ်လေးပေါ့‌ဗျာ...။

Zawgyi

ဘဝမွာ တစ္ခါေတာ့ မေမွ်ာ္လင့္ထားတာေတြျဖစ္လာတတ္တယ္ဆိုတာ တကယ္ဗ်။ ကြၽန္‌ေတာ့္ဘဝမွာ မိန္းကေလးေတြ ထည္လဲတြဲခဲ့ဖူးေပမယ့္ ေယာက်္ားေလးတစ္ေယာက္နဲ႔ တြဲျဖစ္လိမ့္မယ္လို႔ ဘယ္လိုမွမထင္ထားတာ။ တြဲျဖစ္တာထက္ေတာင္ ပိုပါတယ္။ ကြၽန္ေတာ္ခ်စ္မိသြားတာ။ ခပ္ဆိုးဆိုး ဂ်စ္ကန္ကန္ေကာင္ေလးတစ္ေယာက္ကိုေပါ့။ ခ်စ္ခ်င္စရာလည္းမေကာင္းေပမယ့္ သူ႕ရဲ႕ခ်ဳပ္နည္းအျဖာျဖာထဲမွာ ကြၽန္ေတာ္ေျခခ်ဳပ္မိသြားတယ္ေပါ့ဗ်ာ။ ေျပာမယ့္သာေျပာတာ ကြၽန္ေတာ့္ေကာင္ေလးက ကြၽန္ေတာ့္ကို ေတာ္ေတာ္ခ်စ္တာ။ ကြၽန္ေတာ့္ကို ‌ေခၚပုံက သည္းညႇာတဲ့။ သူ႕အသည္းရဲ႕ အသက္အညႇာမို႔လို႔တဲ့။ ဘယ္ေလာက္အူယားစရာေကာင္းလိုက္လဲ။ သူက အခ်စ္လည္းႀကီးတယ္။ အမ်က္လည္းႀကီးတယ္ဆိုတဲ့ လူစားမ်ိဳးဗ်။ ခ်စ္တတ္လြန္းတဲ့အျပင္ အူတိုတဲ့ေနရာမွာလည္း သူ႕အျပင္ႏွစ္ေယာက္မ႐ွိဘူး။ အဲ့လိုသဝန္တိုတတ္လြန္းလို႔လည္း ကြၽန္ေတာ္နဲ႔ ခဏခဏျပႆနာတက္ရတယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္ကလည္း ဘာေၾကာင့္မွန္းမသိ သူနဲ႔မျပတ္ႏိုင္ပါဘူး။ သူ႕ရဲ႕တဇြတ္ထိုးဆန္တဲ့အက်င့္ေၾကာင့္ ရန္ျဖစ္ၿပီးတိုင္း သူျပန္ေခၚရင္ အကုန္ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ။ အတူ႐ွိရမယ့္အခ်ိန္ေလး ျပန္အဆင္ေျပရမယ့္အခ်ိန္ေလးမွာ စိတ္႐ႈပ္စရာေတြေခါင္းထဲမထည့္ခ်င္ေတာ့ဘူး။ သူကက် အဲ့လိုမဟုတ္ဘူး။ အတိတ္ကိုတူးေဖာ္ရတာႀကိဳက္တဲ့ေကာင္ေလး။ တစ္ခါတစ္ေလက် အေတြးကလြန္ေသးတယ္။ သူ႕အေတြးေတြက ဒႆနဆန္ေပမယ့္ လက္ေတြ႕မဆန္ဘူး။ သူ႕ကို အမီလိုက္ရတာ နည္းနည္းေတာ့ခက္တယ္ဗ်။ မိန္းကေလးေတြနဲ႔တုန္းက ရက္ရက္စက္စက္ျဖတ္ပစ္ခဲ့လို႔မ်ား ဝဋ္လည္သလားေတာ့မသိပါဘူး။ သူနဲ႔က်မွ အတုံးအ႐ုံးက်႐ႈံးေတာ့တာပဲ။ ေမာင့္ကို ခ်စ္မိျခင္းက ဝဋ္ဆို မည္သည့္အခါမွ မၿပီးဆုံး‌ေသာလည္ျခင္းနဲ႔ လည္‌ေနေစခ်င္တဲ့ ဝဋ္ေလးေပါ့‌ဗ်ာ...။

မောင့်သည်းညှာWhere stories live. Discover now