882 45 7
                                    

Unicode

"I'm in love with the shape of you..."

"ဟယ်လို။"

"ဟယ်လို မောင်။ နေ့လည်စာစားပြီးပြီလား။"

"အင်း။"

"ဖုန်းလည်းမဆက်ဘူး။ စာလည်းမပို့ထားဘူး။"

"Sorry."

"ဘာဖြစ်နေတာလဲ။"

"ဘာမှမဖြစ်ပါဘူး။ ဘာပြောဦးမလဲ။ အတန်းပြန်တက်တော့မှာမို့လို့။"

"ဘာမှမပြောတော့ဘူး။ ကျောင်းဆင်းရင်ဖုန်းဆက်။"

"အင်း။"

ဖုန်းချလိုက်ပြီးတာတောင် ဖုန်းမျက်နှာပြင်ကို ဒီတိုင်းထိုင်ကြည့်နေမိတယ်။ Wallpaper က အစ်ကို့ပုံလေးတောင် ပျောက်သွားပြီ။ အစ်ကိုနဲ့ကိုယ်နဲ့ကြား ဆက်ဆံ‌ရေးကအေးတိအေးစက်။ အရင်လို ဝူးဝူးဝါးဝါးနဲ့ပြဿနာရှာလိုက်ချင်ပေမယ့် တကယ်မချစ်ဘူးလို့ ကိုယ့်ကိုတည့်တည့်ကြည့်ပြီးပြောလာရင် ဘယ်လိုလုပ်ရပါ့။ အစ်ကို့ကို လက်လွှတ်လိုက်ဖို့ သတ္တိမရှိသေးဘူး။ ဒီတိုင်း မသိချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ကြိုးစားနေပေမယ့် အာရုံထဲလွှမ်းမိုးနေတာက အဲ့အတွေးတစ်ခုတည်းပဲ။ အစ်ကိုဘယ်အချိန်ပြတ်ဖို့ပြောလာမလဲ တွေးကြောက်နေရတယ်။

"သစ်မိုး။"

"ပြော။"

"ငါဘာလုပ်သင့်လဲ။"

"ဘာလုပ်ချင်လို့လဲ။"

"ငါအစ်ကို့ကိုတကယ်ချစ်တာကွ။"

"အင်း။ အဲ့ဒါဘာဖြစ်လဲ။"

"အစ်ကိုက ငါ့ကိုမချစ်ဘူးတဲ့။"

"ဆက်တွဲမလား ပြတ်မလားဆိုတာ မင်းဘာသာမင်းစဥ်းစားကြည့်ပေါ့။"

"မစဥ်းစားတတ်တော့လို့ပေါ့ နွားရဲ့။"

"နွားကငါမဟုတ်ဘူး။ မင်း။ ချိုလေးနဲ့လိုက်တယ်သားကြီး။"

"ကျေးဇူး။"

အစ်ကိုနဲ့လည်း မပြတ်နိုင်ဘူး။ လမ်းမခွဲချင်ဘူး။ ဒီတိုင်းမသိချင်ယောင်ဆောင်ပြီး ဆက်တွဲသွားရမလား။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောခိုင်းပြီး ကောင်းကောင်းမွန်မွန်ပဲ နှုတ်ဆက်လိုက်ရမလား။ 

မောင့်သည်းညှာWhere stories live. Discover now