👨‍👩‍👧‍👦♥️

1.3K 80 0
                                    

Unicode

လက်ချောင်းတွေကျိုးသွားတယ်။ ကျောက်ပတ်တီးစီးလိုက်ရတယ်။ နောက်လေးငါးပတ်လောက်နေမှ ကျောက်ပတ်တီးဖြည်ရမယ်။ ဘယ်သန်မဟုတ်တော့ တော်တော်ကသီလင်တဖြစ်ဦးမှာ။

"သားငယ် ဆင်းမယ်လေ။"

"ဟုတ်။"

"မေမေတို့နဲ့ လာအိပ်မလားသား။"

"အာ.. မအိပ်ပါဘူး။"

"ပြန်လာကြပြီလား။ မြေးလေး ဘာဖြစ်သွားတယ်တဲ့လဲ။"

"ဖိုးဖိုးတို့မအိပ်ဘဲစောင့်နေတာလား။ ဘာမှမဖြစ်ဘူး။ နောက်တစ်လလောက်နေရင်ပျောက်သွားလိမ့်မယ်။"

"ကျောက်ပတ်တီးစီးလိုက်ရတာလား။ ပြစမ်း။"

"အ့။ ဖြည်းဖြည်းလုပ်ပါဟ။"

"အကြီးမ ဖြည်းဖြည်းလုပ်လေ။ သားငယ်အခန်းကို ရှင်းထားလား။"

"အင်း။ ရှင်းပြီးပြီ။ နံရံကို တတ်နိုင်သလောက်ဆေးထားတယ်။ ဖုန်းကတော့ ဖွင့်ဖို့မပြောနဲ့။ လက်ရှမှာစိုးရတယ်။"

"နောက်ရက်မှ အသစ်ပြန်ဝယ်ပေးမယ်။"

"ဘာကိုပြန်ဝယ်ပေးမှာလဲ။ အကောင်းအတိုင်းရှိနေတာကို တမင်ခွဲပစ်လိုက်တာများ။ အဲ့ဖုန်းကို ပြင်လို့ရရင်ရ။ မရရင်မသုံးနဲ့။"

"ဟုတ်ကဲ့ပါ။"

"သားရယ် မြေးလေးစိတ်ညစ်စရာတစ်ခုခုရှိလို့နေမှာပါ။"

"ရပါတယ်။ ဖုန်းသုံးစရာလည်းသိပ်မရှိပါဘူး။ ဖွားဖွားတို့အိပ်တော့လေ။ မေမေတို့လည်းအိပ်တော့။ သားအပေါ်တက်ပြီ။"

"မေမေ သူ့လက်ကဘယ်နှချောင်းတောင်ကျိုးသွားတာလဲ။"

"သုံးချောင်း။"

"ကျောက်ပတ်တီးက ဘယ်တော့ဖြည်လို့ရပြီတဲ့လဲ။"

ဧည့်ခန်းထဲမှာ စကားပြောနေကြတာကို လျစ်လျူရှုပြီး အခန်းထဲပဲဝင်လာခဲ့တယ်။ မနက်ဖြန်ကျောင်းသွားမယ်။ မရှင်းတာကြာပြီဖြစ်တဲ့ စာကြည့်စားပွဲကို ရှင်းလိုက်တယ်။ ဘယ်သန်ဆိုရင်လည်း ကောင်းသားကွာ။ ထိသွားတာ ညာလက်ဆိုတော့ အဆင်မပြေဘူး။ ကျောင်းသွားပြီး စာဘယ်လိုလိုက်ရေးရမလဲ။ ဆရာမတွေကို ဘယ်လိုခွင့်တောင်းရပါ့။

မောင့်သည်းညှာWhere stories live. Discover now