🍻

1K 64 1
                                    

Unicode

"ဟေ့ကောင်။ ရာဇမောင်။ ဟေ့ကောင်။"

"ဟေ။"

"ဘာတွေငိုင်နေတာလဲ။"

"ဒီလိုပါပဲကွာ။"

"ဘာတွေဖြစ်။"

"စိတ်ညစ်လို့။"

"လာကွာ။ သွားသောက်ရအောင်။"

"အင်း။"

သစ်မိုးခေါ်တာနဲ့ အဖော်ညှိစရာမလိုဘဲ ဘားရောက်သွားတယ်။ စကားမပြောဖြစ်ပါဘူး။ ဘီယာပဲ နှစ်ခွက်လောက် ဆင့်သောက်လိုက်တယ်။

"ကဲ ငါ့ကောင်။ ပြောလို့ရပြီ။"

"မင်းစဥ်းစားကြည့်ကွာ။"

"အင်း။"

"အစ်ကိုက ငါ့ကိုချစ်တယ်တဲ့။ မနေ့ညက စာလာပို့တယ်။"

"ဟ။ အဲ့ဒါကောင်းတာမဟုတ်ဘူးလား။"

"မနက်ကျတော့ account deactivate လုပ်သွားတယ်။ ညက မူးပြီး လိုက်ပြောမိတာတဲ့။ ငါ့လိုပဲ တခြားလူတွေလည်း အများကြီးပဲကွာ။"

"အဲ့ဒါတော့ မမိုက်ဘူး။"

"အင်း။"

"ကြိုက်နေတဲ့လူတစ်ယောက်ရှိရင် အဲ့လူဘယ်လိုတုန့်ပြန်မလဲသိချင်လို့ မူးချင်ယောင်ဆောင်ပြီး လိုက်ပြောတာဆိုရင်ရော။"

"ဘယ်လို။"

"သူကြိုက်နေတဲ့လူက မင်းလည်းဖြစ်နိုင်တာပဲ။"

"ငါသာဆို account ပိတ်ပြီး ပြေးစရာလားကွာ။ ငါကြိုက်နေမှန်းသူသိသားပဲ။ မင်းပြောသလိုသာဆို ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို ကြိုက်နေလို့ပဲဖြစ်မယ်။"

"အဲ။ အဲ့လိုလည်းမဟုတ်လောက်ပါဘူး။"

"မသိဘူးကွာ။ စိတ်ညစ်တယ်။"

"ဟူး...။"

"မင်းကပဲ သက်ပြင်းချရတယ်ရှိသေး။"

"မင်းအစားရင်မောလို့။"

နည်းနည်းလည်း ရီဝေဝေဖြစ်နေပြီမို့ ဖြည်းဖြည်းချင်းပဲသောက်ရင်း လမ်းမဘက်ကို မျက်နှာမူထားလိုက်တယ်။

"သစ်မိုး။"

"အေး။"

"ငါ ကစားခံလိုက်ရတာလား။"

မောင့်သည်းညှာWhere stories live. Discover now