🙏🏻

870 49 0
                                    

Unicode

အစ်ကို့မွေးနေ့နဲ့ ကျွန်တော်တို့ anni date က တစ်ပတ်တောင်မကွာဘူး။ နောက်ဆို ပွဲနှစ်ပွဲပေါင်းလုပ်လို့ရလောက်တယ်။ အစ်ကို့မွေးနေ့တုန်းကလိုပဲ ညဆယ့်နှစ်နာရီထိုးတဲ့အထိ ထိုင်စောင့်ပြီးမှ စီကာပတ်ကုံးထားတဲ့ စာစုနည်းနည်းပို့လိုက်တယ်။ အစ်ကိုသဘောကျမယ်ထင်တာပဲ။

"Happy 1st monthsary ပါမောင့်သည်းညှာ

မောင့်ကို ရွေးချယ်ခဲ့လို့ကျေးဇူးတင်ပါတယ်

တစ်လကနေစလို့ တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာအထိ အတူရှိကြမယ်နော်

အစ်ကို့ရဲ့နောက်ဆုံးလူဖြစ်ပါရစေ

အရမ်းချစ်တယ်"

"Happy 1st monthsary pr Maung. Love you."

စာတစ်စောင်ချက်ချင်းပြန်ရောက်လာတယ်။ အစ်ကိုလည်းမအိပ်သေးဘူးလား။

"တူ... တူ..."

"ဟယ်လို။"

"ဟယ်လို အစ်ကို။ ခုနကပြောတော့ အိပ်ပြီဆို။"

"မအိပ်သေးဘူး။ မင်းကျတော့ရော။"

"မင်းရောတဲ့လား။ ခုနကကျ မောင်ဆို။"

"အာ... မတူဘူးလေ။"

"မောင်လို့ ပြန်ခေါ်ပါဦး။"

"မခေါ်ဘူး။"

"ဟား ဟား။ အင်းပါ။ ချစ်တယ်နော်။"

"အင်း။"

"နောက်နှစ်တွေအကြာကြီးအထိ မောင့်နားမှာပဲရှိမယ်မဟုတ်လား။"

"မင်းလိမ္မာရင်ပေါ့။"

"မောင် ဆိုးလည်း အစ်ကိုက လိမ္မာအောင်ဆုံးမလေ။ နော်။"

"မင်းက ငါပြောရင် ရမှာလား။"

"ပြောကြည့်ပါလား။"

"ဘာပြောရမှာလား။"

"မောင် အစ်ကို့ပြောစကားနားမထောင်တဲ့အခါကျပြောကြည့်ပေါ့။ မောင့်ကို ဆုံးမလေ။"

"ဟုတ်ပြီ။"

"အစ်ကို။"

"ဗျာ။"

"အရမ်းချစ်တယ်။ မောင့်ကို ထားမသွားဘူးမဟုတ်လား။"

"အင်း။"

မောင့်သည်းညှာWhere stories live. Discover now