💣

886 47 0
                                    

Unicode

ဝေသာလီဆောင်။ အဲ့ဆိုင်းဘုတ်ကြီးကို ထိုင်ကြည့်နေတာ နာရီဝက်လောက်ရှိပြီ။ ကျောင်းပိတ်ရက်လည်း အစ်ကို့ကိုရီးယားစာသင်တန်းက တက်ရတယ်ဆိုလို့ တစ်ရက်တစ်လေလာကြိုတာ။ "ခဏနေ ထွက်လာမယ်" ဆိုပြီး အခုထိ ထွက်မလာသေးဘူး။ ဘာလို့ကိုရီးယားဘာသာသင်ဖို့ရွေးလိုက်လဲ စဥ်းစားမရ။ ကိုရီးယားသွားမလို့လားဆိုတော့ အလည်သွားရင်သွားမှာပေါ့တဲ့။ အဲ့အစား တရုတ်တို့ စပိန်တို့သင်တာကမှ ပိုကောင်းဦးမယ်။ ဘေးဘီဝဲယာလိုက်ကြည့်နေရင်း ဟိုးဘက်အဆောင်ကနေ တခြားလူတွေနဲ့ထွက်လာတယ်။ ပုံမှန်တွေ့နေကျ သူ့သူငယ်ချင်းတွေလည်းမဟုတ်ဘူး။ သူ့ရည်းစားဟောင်းတွေလည်း မဟုတ်ဘူး။ ဘယ်တုန်းက ခင်လာပြန်တာလဲမသိဘူး။ ရယ်ကာမောကာနဲ့။ ကိုယ်စောင့်နေတာ မသိတာလည်းမဟုတ်။ အစ်ကို့ဘေးနားကပ်နေတဲ့ အကောင်တစ်ကောင်က မရိုးမသားနဲ့။ မြွေမြွေချင်းခြေမြင်နေတယ်။ အစ်ကိုကတော့ သိပုံမပေါ်ဘူး။

"ရာဇ ရောက်နေပြီလား။"

"အစ်ကို့သူငယ်ချင်းလား။"

အဲ့ကောင်က ဘာကိစ္စဝင်ပြောရတာလဲ။

"အင်း။ ရာဇမောင်တဲ့။ ရာဇ ဒီဘက်က ရဲပိုင်စိုးတဲ့။"

"ဪ။"

"တွေ့ရတာဝမ်းသာပါတယ်။"

"..."

ဘာမှပြန်မပြောဘဲ သေချာစိုက်ကြည့်ဘေးလိုက်တယ်။ ရုပ်က စပ်ဖြီးဖြီးနဲ့။

"ငါပြန်တော့မယ် ဝဏ္ဏ။"

"အင်း။"

"ညီလေး သွားပြီနော်။"

ကိုယ့်ဘက်ကိုတောင် လှည့်နှုတ်ဆက်သွားသေးတယ်။ အချိုးကတစ်စက်မှမပြေဘူး။

"ရာဇ လာလေ။"

အစ်ကိုထွက်သွားတာတောင်မသိလိုက်ဘူး။

"ခုနကကောင်က ဘယ်သူလဲ။ ကျွန်တော်လည်းမမြင်ဖူးပါလား။"

"သင်တန်းက။"

"အဲ့ကောင်နဲ့ဝေးဝေးနေ။"

"ဘာဖြစ်ပြန်ပြီလဲကွာ။"

"အစ်ကို့နားကပ်ပြီး အသားယူမယ့်ကောင်။"

"မဟုတ်ပါဘူးကွာ။"

မောင့်သည်းညှာWhere stories live. Discover now