805 40 0
                                    

Unicode

"ရာဇမောင်။"

စကားပြောနေရင်း နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ကိုရဲပိုင်စိုး။ ထပ်မတွေ့ရလောက်တော့ဘူးလို့ ထင်ထားတာ။ အစ်ကို့ဆီလာရင် သူနဲ့လည်းတွေ့ရနိုင်တယ်ဆိုတာ မေ့သွားတယ်။

"လန့်မသွားပါနဲ့ကွာ။ ဒီတိုင်းလာနှုတ်ဆက်တာ။ သွားပြီ။"

"အင်း။"

သူ့ဘာသာသူပြောပြီး ပြန်ထွက်သွားတယ်။ ကိုယ်ကြောင်သွားတာ။ တခြားသူတွေကို မနှုတ်ဆက်သွားဘူး။ အစ်ကို့ကို ကိုရဲပိုင်စိုးနဲ့အကြောင်း မပြောပြထားဘူး။ သိရင် တစ်ကျောင်းတည်းတက်နေတဲ့လူအချင်းချင်း တစ်မျိုးတစ်မြည်ဖြစ်မှာစိုးလို့။ နောက်ကြုံမှပဲ ပြောပြတော့မယ်။

"ရာဇ။ လာလေ။ သွားမယ်။"

"ဟုတ်။ အစ်ကိုဘာစားမလဲ။"

"မေမေတို့ ဘာစားချင်လဲ။"

"ထမင်းဟင်းကောင်းကောင်းစားလို့ရမယ့်နေရာသာသွား။"

"ဟုတ်။"

အလာတုန်းကလိုပဲ တက်ကြွတဲ့ကြက်ဖ။ ဒီလောက်ဆို ယောက္ခမကြီးတွေနဲ့ အဆင်ပြေတယ်ပြောလို့ရတယ် မဟုတ်လား။

"ဦးလေး ရှေ့ခန်းမှာထိုင်မလား။"

"မင်းပဲထိုင်လိုက်ပါ။"

"ဟုတ်။ ဦးလေးအောင် ဓနုဖြူဒေါ်စောရီကို အရင်မောင်းပေး။"

"ကောင်းပြီဗျာ။"

"အစ်ကို။"

"အင်း။"

"ကျွန်တော် မနက်ဖြန်ရော လာလို့ရလား။"

"မင်းကျောင်းပျက်နေရမှာ‌ပေါ့။"

"ရတယ်။ တစ်ရက်လောက်က ဘာမှမဖြစ်ဘူး။ ဘယ်အချိန်ဘွဲ့ယူရမှာလဲ။"

"တစ်နာရီ။ ဒီနေ့လည်း ကျောင်းပျက်လာတယ်မဟုတ်လား။"

"ရပါတယ်ဆိုနေ။ မနက်ဖြန် ဘယ်အချိန်တည်းက ဒီရောက်နေမှာလဲ။"

"မသိသေးဘူး။ မေမေ။"

"အိမ်ကနေ ဆယ်နာရီလောက်ထွက်မှာပေါ့။ ကားလမ်းပိတ်မှာစိုးလို့။"

"ဪ။ ကျွန်တော်လာခဲ့မယ်နော်။ ရတယ်မဟုတ်လား။"

"လာချင်ရင် လာပေါ့။ မနက်ဖြန် ငါ့ညီမတွေလည်းပါမှာ။ မင်းကို အချိန်ပေးနိုင်မှာမဟုတ်ဘူး။"

မောင့်သည်းညှာWhere stories live. Discover now