💗

1.2K 45 0
                                    

Unicode

အဓိပတိလမ်းမကြီးပေါ်မှာ ဘွဲ့ရမောင်မယ်တွေရော သက်ဆိုင်ရာမိသားစုတွေရော ကျောင်းဖွင့်ရက်ဆိုတော့ ဆရာ၊ဆရာမတွေ ကျောင်းသားကျောင်းသူတွေရော ပျားပန်းခတ်မျှသွားလာနေကြတယ်။ လူများတော့ အမှိုက်များတာ သဘာဝပဲဆိုပေမယ့် အမှိုက်ပုံးတွေထဲ စနစ်တကျမပစ်ကြတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်မြင်ကွင်းက ခမ်းနားသင့်သလောက်မခမ်းနားတော့သယောင်။ ခမ်းနားထည်ဝါနေတာဆိုလို့ ကျွန်တော့်သည်းညှာပဲရှိမယ်။ နေပူကြီးထဲ ချွေးထွက်ခံပြီး ဘွဲ့ဝတ်စုံကြီးနဲ့ အုပ်စုလိုက်ပဲများနေကြတယ်။ ကျွန်တော်အဝေးသင်ဘွဲ့ယူရင်လည်း ဒီမှာပဲ လာယူရမယ်ထင်တယ်။ အဲ့အခါကျရင်လည်း အစ်ကိုရှိမယ်ထင်တာပဲ။ ရှိမှာပါ။ ရှိရမှာပေါ့။ အစ်ကိုက ကျွန်တော့်နား အမြဲရှိရမယ်။

"သားငယ်ကရော ဘယ်တော့ဘွဲ့ယူရမလဲ။"

"ဗျာ။"

"ဘယ်တော့ဘွဲ့ယူရမှာလဲလို့။"

"နောက်နှစ်မှ။"

"အစ်မကရော ဘွဲ့ရပြီလား။"

"ဟုတ်ကဲ့။ ဆေးခန်းတစ်ခုမှာ ဝင်လုပ်နေပြီ။"

"ဆရာဝန်လား။"

"ဟုတ်ကဲ့။"

"ဪ။ တော်လိုက်ကြတာ။"

ထင်တဲ့အတိုင်းပဲ အစ်ကို့အမေက လာပြီး တီးနေခေါက်နေတယ်။ စိတ်မဆိုးပေမယ့် ရယ်ချင်တယ်။ သာလိကာမအတွက် မရှိတဲ့ ရည်းစားကို အရှိလုပ်ပေးရဦးမယ်။

"အစ်ကိုက ကိုကိုနဲ့ အရမ်းခင်တာပဲလား။"

"အင်း။ ဘာလို့လဲ။"

"မဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာ။ ဟီးဟီး။"

"ခင်ရုံပဲလား။"

"ဗျာ။"

"တွေ့လား မမ။ ငါမပြောဘူးလား။"

"အေးဟဲ့။"

"ဟီဟိ။"

အစ်ကို့ညီမတွေက ခင်ဖို့ကောင်းပေမယ့် ဘာတွေဖြစ်နေမှန်းကို မသိပါဘူးဗျာ။ ကျွန်တော် အစ်ကို့ဘွဲ့ဦးထုပ်ယူဆောင်းပြီး ပုခုံးချင်းဖက် ဓာတ်ပုံရိုက်တည်းက မျက်နှာလေးတွေက ပြုံးစိစိဖြစ်နေတာ။ ရိပ်မိရအောင်လည်း အစ်ကို့တခြားသူငယ်ချင်းတွေနဲ့လည်း ဓာတ်ပုံရိုက်တာပဲကို။ အစ်ကိုတို့နဲ့အတူ ကျောင်းထဲနေရာအနှံ့ဓာတ်ပုံလိုက်ရိုက်လိုက်တာ ပြန်လာတော့ ငါးနာရီတောင်ခွဲပြီ။ အစ်ကို့မိသားစုက အရင်ပြန်နှင့်တယ်။ အစ်ကိုနဲ့ကိုယ်က graduation party ဆိုပြီး အစ်ကို့သူငယ်ချင်းတွေနဲ့အတူ bar တစ်ခုကို ရောက်သွားကြတယ်။ အစ်ကို့သူငယ်ချင်းတွေလည်း ကိုယ်တို့အကြောင်း ရိပ်မိသင့်သလောက်ရိပ်မိနေကြပါပြီ။ အသက်တွေလည်း ငယ်တော့တာမဟုတ်သလို နေရခက်စရာအကြောင်းလည်းမရှိတော့ ဒီတိုင်းဘာသိဘာသာပါပဲ။ စာမေးပွဲပြီးတည်းက မတွေ့ကြဖြစ်တာကို အကြောင်းပြပြီး အာလူးဖုတ်လိုက် ခွက်တွေကောက်မော့လိုက်နဲ့ ဟုတ်နေကြရောပဲ။ ကိုယ်က အပြင်လူ။ ပြီးတော့ အစ်ကို့ကို အိမ်ပြန်လိုက်ပို့ရဦးမှာမို့ ဖြည်းဖြည်းချင်းဇိမ်ခံသောက်နေရတယ်။

မောင့်သည်းညှာWhere stories live. Discover now