Unicode
တစ်ပတ်လောက်နေတော့ အစ်ကိုတို့ရုံးက work from home လုပ်လိုက်လို့ တော်သေးတယ်။ အစ်ကို့အိမ်မှာ ရိက္ခာပြတ်နေပြီဆိုလို့ ယောက္ခမကြီးကို စိတ်ပူယောင်ပြပြီး အစ်ကို့လက်ဆွဲပြီး စျေးဝယ်ထွက်လာတာကို ပြောရခက်တဲ့လူကြီးက ပစ္စည်းတွေလိုက်ကိုင်ကြည့်နေတယ်။
"အစ်ကိုရာ လျှောက်မကိုင်ပါနဲ့ဆိုဗျာ။"
"ဟ စျေးဝယ်တာကို မကိုင်ကြည့်ဘဲ ဘယ်လိုဝယ်မှာလဲ။"
"လက်အိတ်ဝတ်ပါဆို မဝတ်ဘဲနဲ့။"
"မဝတ်ချင်ပါဘူးကွာ။ လက်က ချွေးထွက်ရင် နေရခက်ရခက်နဲ့။"
"အဲ့ဒါကြောင့် ကျွန်တော်ပဲ ကြည့်ပေးမယ်လို့။ လက်ပေး။ Alcohol ဖြန်းရမယ်။"
"ပိုလိုက်တာကွာ။"
ဘာမှပြိုင်ပြောမနေတော့ဘူး။ လက်ဆွဲပြီး Alcohol ဖြန်းပေးလိုက်တယ်။ စျေးဝယ်ထွက်တာကို လက်အိတ်ဝတ်ပါဆိုတော့ မဝတ်ဘူး။ ပြီးရင် ဟိုကိုင်ဒီကိုင်နဲ့။ ဘယ်သူတွေကိုင်ပြီး ပြန်ချထားတာတွေမှန်းမသိ။ လက်မဆေးဘဲ မျက်နှာကိုင်မိရင် အကုန်ကူးကုန်တော့မယ်။
"တစ်ခါတစ်လေလေး အပြင်ထွက်တာကို ဆူပုပ်မနေစမ်းနဲ့ကွာ။"
"..."
"မျက်ခုံးလာမပင့်ပြနဲ့။ ခုနက မျက်မှောင်ကြုံ့ထားတာ မြင်လိုက်တယ်။"
"အစ်ကိုမှ ကျွန်တော်ပြောတာ နားမထောင်တာ။"
"မင်းက အကြီးလား။ ငါက အကြီးလား။"
"အစ်ကိုက အကြီး။"
"အဲ့ဒါပဲလေ။"
"ချိုချိုပေးစို့ပါဆိုတော့ ပေးမစို့ဘူး။"
"ဟာ ဟေ့ကောင်။ လူကြားထဲမှာ။"
"လူတွေက အဝေးကြီး။"
"နွားနို့ဝယ်မလို့။ ဘယ်တံဆိပ်ကောင်းလဲ ကြည့်ပေး။"
"အစ်ကိုတို့အိမ်မှာ ဘယ်တံဆိပ်သောက်နေကျလဲ။"
"ငါမသိလို့ပေါ့ကွာ။"
"ကောင်းရော။ Whole milk သောက်တာလား 0% fat လား။"
"မသိဘူး။ အဆင်ပြေတာ ယူလိုက်။"
"ဟုတ်ပြီ။ ဒါပဲယူလိုက်မယ်။ နှစ်ဘူးဆိုရလား။"
YOU ARE READING
မောင့်သည်းညှာ