Unicode
"I'm in love with the shape of you..."
"ဟယ်လို"
"ဟယ်လို။ မောင် ဘာလုပ်နေလဲ။"
"စာလုပ်နေတာ။ ဘာလို့လဲ။"
"ညစာစားဦးမယ်ပြောပြီးတည်းက ပျောက်သွားလို့။"
"အာ... sorry။ မနက်ဖြန် tuto ရှိတယ်ဆိုလို့ စာလုပ်နေတာ။ အစ်ကို့ဆီစာမပို့ဖြစ်ဘူးလား။"
"အင်း။"
"Sorry ပါ။ အစ်ကိုရော ဘာလုပ်နေလဲ။ အစ်ကိုတို့စာမေးပွဲလည်းနီးနေပြီမဟုတ်လား။"
"အခုပဲ စာလုပ်တော့မလို့။"
"မလုပ်နဲ့ဦး။ မောင်နဲ့စကားပြောမယ်။"
"အင်း။"
"လွမ်းလိုက်တာဗျာ။"
"အပိုတွေ။ ခုနကကျ စာတောင်မပို့ဘဲနဲ့။"
"တကယ်လွမ်းတာဗျ။"
"မောင့်ကိုပြောစရာရှိလို့။"
"ပြောစေဗျာ။"
"သန်ဘက်ခါကျ ကျောင်းသင်္ကြန်ရှိတယ်။"
"အမ်။ ခဏလေး။ မောင်လာလို့ရလားကြည့်လိုက်ဦးမယ်။ အပြင်လူလာလို့ရတယ်မဟုတ်လား။"
"အင်း။ ရတယ်။"
Calendar အပြေးအလွှားကြည့်ရတယ်။ ကျွန်တော်လည်း အစ်ကိုနဲ့ သင်္ကြန်ကျချင်တယ်လေဗျာ။ အစ်ကိုပြောတဲ့ သန်ဘက်ခါဆိုတဲ့ ဗုဒ္ဓဟူးနေ့မှာ Tuto ဆိုတာလေးက ရယ်ပြနေတယ်။
"အာ...... မအားဘူး။ အဲ့နေ့ စာမေးပွဲရှိတယ်။"
"အဲ့ဒါဆို လာလို့မရဘူးပေါ့။"
"အစ်ကိုသွားချင်လို့လား။"
"အင်း။ သူငယ်ချင်းတွေခေါ်ထားလို့။"
"အဲ့နေ့တစ်နေကုန်မှာမဟုတ်လား။"
"အင်း။"
"မောင်စိတ်မချဘူး။ မောင်မပါဘဲမသွားပါနဲ့လား။"
"မောင့်ဘာသာမောင် မအားတာလေကွာ။ Freshers' Welcome တုန်းကလည်း မသွားလိုက်ရဘူး။ ကျောင်းသင်္ကြန်တော့သွားချင်တယ်။"
ဟုတ်တော့ဟုတ်တယ်။ အဲ့တုန်းက တခြားကျောင်းကလူတွေလည်း လာမှာမို့လို့ စိတ်မချလို့ဆိုပြီး မသွားဖို့ အတင်းဆွဲထားတာ။ ဒီတိုင်းနေရင်းထိုင်ရင်းတောင် စိတ်မချတာကို။
YOU ARE READING
မောင့်သည်းညှာ