⏸️

933 47 2
                                    

Unicode

လမ်းခွဲပြီး တစ်ပတ်လောက်နေတော့ ကျောင်းရှေ့ကို အစ်ကိုရောက်လာတာနဲ့ ကော်ဖီဆိုင်တစ်ခုမှာ စကားထိုင်ပြောဖို့ ဖြစ်လာတယ်။ စကားမပြောဘဲ ကော်ဖီခွက်ကို ထိုင်ကြည့်နေတာ ဆယ့်ငါးမိနစ်လောက်ကြာပြီ။ ကော်ဖီလည်း မသောက်ဘူး။

"ပြောစရာရှိလို့ဆို။"

"ပြန်တွဲရအောင်။"

"ဘာလို့ပြန်တွဲရမှာလဲ။"

"ဟမ်။"

လန့်သွားတဲ့မျက်နှာမျိုးနဲ့ ကိုယ့်ကိုမော့ကြည့်လာတယ်။

"ဘာလို့ပြန်တွဲရမှာလဲလို့။ အစ်ကိုမှ ကျွန်တော့်ကို မချစ်ဘဲ။ လက်တည့်စမ်းချင်ရုံသက်သက်နဲ့တော့ ပြန်မလာပါနဲ့။ ကျွန်တော်က ကစားစရာမဟုတ်ဘူး။"

"အဲ့လိုမဟုတ်ပါဘူးကွာ။ စတွဲတုန်းက မချစ်ခဲ့ဘူးဆိုတာဟုတ်တယ်။ အခုမင်းမရှိရင်မဖြစ်တော့လို့။"

"ဘာလို့မဖြစ်တော့တာလဲ။"

"ငါလည်းမသိဘူးကွာ။"

ဆံပင်တွေဆွဲဖွနေပြန်တယ်။ မျက်တွင်းတွေကျနေတာတောင် ကြည့်လို့ကောင်းတုန်းပဲ။

"မင်းမရှိတော့ ဟာတာတာနဲ့ နေလို့မကောင်းဘူး။"

"စကားပြောဖော်လိုတာလား။ အစ်ကိုနဲ့ စကားပြောမယ့်သူတွေအများကြီးပါ။"

"သူတို့ကိုမှမလိုတာကွာ။ ပြန်တွဲရအောင်လား။"

"ဘာလို့ပြန်တွဲချင်တာလဲလို့။"

"မင်းနဲ့မပြတ်နိုင်လို့။"

"ဘာလို့မပြတ်နိုင်တာလဲ။"

"ငါလည်းမသိဘူး။"

"မသိရင်မတွဲဘူး။ ပြန်ပြီ။"

တစ်ခွန်းလေးပြောရင်ပြီးနေတာကို ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။

"ခဏလေး။"

"ဘာပြောစရာကျန်သေးလို့လဲ။"

"ငါမင်းကို ချစ်တယ်ထင်တယ်။"

"ထင်ရုံပဲဆိုမတွဲဘူး။"

"..."

ထသွားမယ်လုပ်နေတဲ့ကိုယ့်လက်ကို လှမ်းဆွဲထားလျက်က မျက်နှာတစ်ဖက်လွှဲထားတော့ ပိုစချင်လာတယ်။ စိတ်က မဆွတ်ခင်က ညွှတ်ချင်နေပြီ။ အစ်ကိုလာခေါ်ရင် ချက်ချင်းခေါင်းညိတ်လိုက်မယ်လို့ ဆုံးဖြတ်ထားပြီသား။

မောင့်သည်းညှာWhere stories live. Discover now