Unicode
"ရာဇ ဖယ်တော့။"
ဖယ်တော့ဆိုတိုင်း ဖယ်ပေးမယ်ထင်နေလား။ ပိုတိုးပြီး ဖတ်ထားလိုက်တယ်။
"အလုပ်ကဘာတဲ့လဲ။"
"ဒီနေ့ခွင့်ယူလိုက်တယ်လေ။"
"နောက်ရက်တွေရော။"
"သွားရမှာပေါ့။"
"မသွားပါနဲ့ဆိုဗျာ။"
"မသွားလို့မရဘူးလေကွာ။"
"အစ်ကို ရောဂါကူးသွားရင် ဘယ်လိုလုပ်မလဲ။"
"မကူးပါဘူးကွာ။"
"ကူးသွားရင်ရောလို့။"
"ကူးလည်း ပျောက်သွားမှာ။ ဘာမှမဖြစ်ဘူး။"
"ရောဂါမပျောက်ဘဲ လူပျောက်သွားရင် မောင်ဘယ်လိုနေရမလဲ။"
"ငါသေဖို့တောင် တွေးနေပြီလား။"
"မဟုတ်ပါဘူး။ မောင်က စိတ်ပူလို့။"
"လျှောက်မတွေးနဲ့။"
"အစ်ကို့ကို မကူးဘဲ မောင့်ကို ကူးရင်ရော။"
"မင်းကို ကူးလည်း ပြန်ပျောက်သွားလိမ့်မယ်။ ဘာမှမဖြစ်ဘူး။"
"အစ်ကိုရော မောင်ရော ဘာမှမဖြစ်လို့မရဘူးနော်။"
"အေးပါ။"
"တကယ်လို့လေ။"
"အင်း။ ပေါက်ကရတွေစတော့မယ်။"
"မောင်တကယ်သိချင်လို့။"
"ပြောပါ။ ဘာပြောလို့လဲ။"
"အစ်ကိုပဲ ပေါက်ကရတွေဆို။"
"ပြောကြည့်။ ပေါက်ကရဟုတ်မဟုတ်။"
"တကယ်လို့ မောင်သေသွားရင်။"
"အဲ့ဒါပေါက်ကရမဟုတ်လို့ ဘာလဲ။"
"မောင်မေးတာဖြေပါ။"
"ဖြေဖူးသားပဲ။ မမှတ်ထားဘူးလား။"
"အဖြေပြောင်းသွားမလား သိချင်လို့။"
"မင်းသေရင် တခြားတစ်ယောက်မရှာဘူး။ ငါတစ်ယောက်တည်းပဲနေမယ်။ ငါ့ညီမတွေကို ယောက်ျားပေးစားပြီး သူတို့ကလေးတွေကို ထိန်းပြီးနေမယ်ကွာ။ ဟုတ်ပြီလား။"
YOU ARE READING
မောင့်သည်းညှာ