Unicode
"တူ... တူ... တူ... တူ... တူ... လူကြီးမင်းခေါ်ဆိုသော"
ဟာကွာ။ ဘာကိစ္စဖုန်းမကိုင်ရပြန်တာလဲ။ ကိုယ့်ကျောင်းပြန်ချိန်ဆိုဖုန်းဆက်နေကျကို သိရဲ့သားနဲ့။ ကျောင်းကပြန်မရောက်သေးဘူလား။ အပြင်သွားနေတာလား။ အိပ်ပျော်နေတာလား။ ညနေဘက်ကြီးအိပ်ရင် ဖျားဦးမယ်။ တစ်ချိန်လုံးခေါ်နေတာမကိုင်ဘူး။
"တူ... တူ... တူ... တူ..."
"ဟယ်လို"
"ဟယ်လို အစ်ကို။ ဘာလို့ဖုန်းမကိုင်တာလဲ။ အိပ်နေတာလား။"
"ငါမင်းကိုမေးမယ်။ အမှန်အတိုင်းဖြေ။"
မေးနေတာကျမဖြေဘူး။ လေသံကမာတင်းလို့။ ဘာတွေစိတ်ဆိုးနေတာလဲ။ ကိုယ်လည်းဘာမှမလုပ်မိပါဘူး။
"မေးဗျာ။"
"ငါ့အပြင်တခြားတစ်ယောက်ရှိသေးလား။"
"မရှိပါဘူးဗျာ။ ဘာလို့လဲ။"
"သေချာလား။"
"သေချာတယ်။"
"မင်းမှာ ex ဘယ်နှယောက်ရှိလဲ။"
"တစ်ယောက်။ ဘာလို့လဲလို့။"
"ငါ့ကိုမလိမ်တာသေချာလား။"
"သေချာတယ်။ အစ်ကိုတစ်ယောက်တည်းရှိတာပါဗျာ။"
"အဲ့တစ်ယောက်နဲ့ရော ဘယ်အခြေအနေထိဖြစ်ခဲ့တာလဲ။"
"ဘယ်အခြေအနေမှမဖြစ်ပါဘူး။ အဲ့တုန်းက ငယ်သေးတာကို။ ပြီးတော့ သူက ဒီမှာမရှိဘူး။ သင်္ဘောလိုက်သွားတယ်။"
"မင်းဘယ်လိုသိလဲ။"
"သူသင်္ဘောတက်တော့ ကျွန်တော်နဲ့ပြတ်တာပဲ။"
"လွမ်းနေသေးတာလား။"
"မလွမ်းပါဘူးဗျာ။ အစ်ကိုမေးလို့ပြောပြတာကို။"
"အခုလက်ရှိတွဲနေတာဘယ်နှယောက်ရှိလဲ။"
"အစ်ကိုတစ်ယောက်တည်းပါဆို။"
"ပြီးတာပဲ။"
"ငါ့အပြင် တခြားတစ်ယောက်ရှိတယ်ကြားလို့ကတော့ မင်းကို ငါကိုယ်တိုင်သတ်မှာ။"
"အဲဗျာ။ အခုရော ဘယ်ကကြားလာတာလဲ။"
"ဘယ်ကမှမကြားဘူး။"
YOU ARE READING
မောင့်သည်းညှာ