💞

1K 47 2
                                    

Unicode

"အစ်ကို။"

"ပြော။"

ကျွန်တော်ကြည့်နေတာ သတိထားမိသွားတယ်နဲ့တူတယ်။ အကြည့်ချင်းမဆုံတော့ဘူး။

"ကျွန်‌တော့်ကို တကယ်ချစ်တာလား။"

"ဒီအထိရောက်လာတာ ဘာလို့လို့ထင်လဲ။"

"မသိဘူးလေ။ ချစ်နေသေးလို့လား။ သံယောဇဥ်လက်ကျန်ရှိနေသေးလို့လား။"

"ချစ်နေသေးလို့ပေါ့ကွာ။ ငါ့ကိုယ်ငါလည်း အံ့ဩတယ်။ ဒီလောက်ဆိုးပေဂျစ်ကန်နေတဲ့ကောင်ကို ဘာလို့မပြတ်နိုင်တာလဲမသိပါဘူးကွာ။"

"နောင်တရလား။"

"နိုးနော်။ နောင်တမရဖူးဘူး။"

"ဘယ်တုန်းကမှ?"

အစ်ကိုလိမ်နေတာ သိသာတယ်။ ကိုယ့်ကို တည့်တည့်မကြည့်လာဘူး။ နောင်တမရဘဲ နေမယ်မထင်ပါဘူး။

"အာ...။ မင်းနဲ့ရန်ဖြစ်ရင်တော့ နည်းနည်းနောင်တရတယ်။ ဒါပေမယ့် မင်းလာပြန်ခေါ်ရင် မေ့သွားတာပဲ။"

"အခုရော နောင်တရနေသေးလား။"

"ဟင့်အင်း။ မင်းနဲ့ပဲ အတူရှိချင်တာ။"

"ဪ။"

"ငါအတည်ပြောနေတာ။ စိတ်ဆိုးသွားပြန်ပြီလား။"

"မဟုတ်ပါဘူး။"

"စိတ်ဆိုးသွားပါတယ်။"

"မဟုတ်ဘူး။ စိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်သွားတာ။ နေလို့မကောင်းတော့ဘူး။"

"တွေ့လား။ ငါ့စိတ်ထဲရှိတဲ့အတိုင်းပြောပြန်ရင်လည်း မင်းကစိတ်ဆိုးပြန်တယ်။ ငါ့စိတ်ထဲဘာရှိလဲ မင်းကို သိစေချင်လို့ပြောပြတာလေ။ မင်းအဲ့လိုဖြစ်သွားရင် ငါဘယ်လိုပွင့်လင်းနိုင်တော့မလဲ။ ငါ့စိတ်ထဲကအတွေးတွေ မင်းသိဖို့လိုသလို မင်းစိတ်ထဲမှာ ဘာရှိလဲလည်း ငါသိချင်တယ်။ ငါ့ကိုဘယ်လိုမြင်လဲ ငါသေချာသိချင်တယ်။ အဲ့ဒါမှ မင်းနဲ့ငါကြား မကျေနပ်တာတွေ အထင်လွဲတာတွေမရှိမှာလေ။ ငါတို့ရှေ့လျှောက် အဆင်ပြေပြေနေရအောင်လားကွာ... နော်။ ရန်တွေမဖြစ်ချင်တော့ဘူး။ မင်းအဲ့လိုတဇွတ်ထိုးလုပ်နေပုံမျိုးနဲ့ဆို ငါဘယ်လိုစိတ်ချရမှာလဲ။"

မောင့်သည်းညှာWhere stories live. Discover now