😷

788 40 2
                                    

Unicode

ပြန်တွဲတာ ကြာလှပြီ။ အစ်ကိုနဲ့ကိုယ်နဲ့ အခုအချိန်ထိ ညှိလို့မပြီးသေးဘူး။ ခရစ်စမတ်မှာ ခရီးအတူသွားမယ်ဆိုတာ သူ မလိုက်တော့ ကိုယ်လည်းမသွားဖြစ်ဘူး။ သူ့အလုပ်မှာ အလုပ်စဝင်ခါစ ပင်ပန်းနေတော့ ခရီးမထွက်နိုင်တာ နားလည်ပေးလို့ရ‌သေးတယ်။ နယူးရီးယားည အတူသောက်ကြမယ်ဆိုတော့လည်း မရဘူး။ အဲ့နောက်ပိုင်းကစပြီး တစ်ခါမှ အတူထပ်မသောက်ဖြစ်တော့တာပဲ။ အဲ့တုန်းက အတူသောက်လိုက်ရင်ကောင်းမှာ။ အခုတော့ ကိုယ်လည်း နောက်ဆုံးနှစ်ဆိုတော့ စာတွေနဲ့ လုံးလည်ချာလည်လိုက်။ သူကလည်း သူ့အလုပ်ကိစ္စနဲ့သူ။ ဒီကြားထဲ ရောဂါအသစ်အဆန်းက ဖြစ်လာသေးတယ်။ ဒီနိုင်ငံကို ရောက်မလာသေးလို့သာ တော်သေးတာ။ မြန်မာနိုင်ငံအခြေအနေနဲ့ အမျိုးအမည်မသိ ဘယ်လိုကာကွယ်ရမယ်မသိတဲ့ ရောဂါအဆန်းနဲ့ အဆင်ပြေမှာမဟုတ်ဘူး။ အကုန်လုံးကလည်း မြန်မာနိုင်ငံမှာ ပိုးဖြစ်ရင် မခံနိုင်လောက်ဘူးပဲ မှန်းထားကြတာ။ ကိုယ်တွေနိုင်ငံနဲ့ လာအိုက အခုထိ မတွေ့သေးဘူး။ ဘယ်တော့မှမတွေ့ဖို့ မျှော်လင့်တာပဲ။ ပိုးမတွေ့သေးဘူးဆိုပေမယ့်လည်း သတိထားကြဖို့ လိုတယ်မဟုတ်ဘူးလား။ နိုင်ငံခြားက ပြန်လာတဲ့လူတွေကလည်း အဆင်အခြင်မရှိလျှောက်သွား post တွေလျှောက်တင်၊ ဆဲတဲ့သူတွေကဆဲကြ၊ ဆဲတဲ့သူတွေကိုပြန်ဆဲကြနဲ့ အလုပ်တွေကို ရှုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ Covid first case တဲ့။ တကယ်ကြီးလား။ ဟိုရှာဒီရှာလိုက်ကြည့်ရင်း ချင်းပြည်နယ်က အမျိုးသားတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့။ အဲ့မှာစတာပဲ။ အစ်ကို့ဆီ ဖုန်းအရင်ဆက်ရမယ်။

"တူ... တူ... တူ... တူ... တူ..."

ဖုန်းကိုင်ပါကွာ။ မနက်ဖြန်ကျ အလုပ်မသွားဖို့ပြောရမယ်။ မဟုတ်ဘူး။ ဘယ်မှမထွက်ခိုင်းတော့ဘူး။

"ဟယ်လို။"

အိပ်ချင်မူးတူးအသံကိုက စိတ်ပူစရာတစ်ဝက်လောက် လျော့သွားစေသလိုလို။

"အစ်ကို အိပ်နေတုန်းလား။"

"အိပ်နေတာပေါ့ဟ။ နာရီလည်းကြည့်ဦး။"

"ထတော့။ အစ်ကို့အိမ်က လူတွေကိုလည်းပြော။"

"ဘာပြောရမှာလဲ။"

မောင့်သည်းညှာWhere stories live. Discover now