💌

749 34 1
                                    

Unicode

Happy 1st Anniversary မောင့်သည်းညှာ...

အရမ်းချစ်တယ်။

တစ်နှစ်တော့ အတူကျော်ဖြတ်ခဲ့ပြီးပြီ။ ‌ထာဝရတိုင်အောင် ရှေ့ဆက်လျှောက်ဖို့ပဲ လိုတော့တယ်။

အင်္ဂလိပ်လိုဆိုရင်တော့ One year down, Forever to go... ပေါ့။

မောင့်သည်းညှာနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ဒီတစ်နှစ်လေးက မောင့်အတွက် တစ်သက်တာအမှတ်တရတွေပါပဲ။

နောက်နှစ်တွေလည်း အမှတ်တရတွေ အတူဖန်တီးကြမယ်နော်။

ဘာတွေပဲဖြစ်ဖြစ် မောင့်လက်ကို ဆုပ်ကိုင်ထားမယ်မဟုတ်လား။

နောက်နောင် ကြုံတွေ့ရမှာတွေအများကြီးရှိလာရင်လည်း မောင့်ကို ယုံထားမယ်မဟုတ်လား။

အေးချမ်းနေတဲ့အစ်ကို့ဘဝလေးထဲ တစ်ခါမှမတွေးခဲ့မိဖူးတာတွေဖြစ်လာစေလို့ တောင်းပန်ပါတယ်။

နောင်တတော့မရပါဘူး။ မောင့်သည်းညှာလည်း နောင်တမရဘူးဟုတ်။ ဘယ်တော့မှ နောင်တမရရလေအောင် မောင်ကြိုးစားပါ့မယ်။

မောင့်သည်းညှာမျက်နှာ တစ်ကမ္ဘာမှတ်ယူလို့ မျက်နှာတစ်ချက်မပျက်ရလေအောင် ထားပါ့မယ်။

မောင်ဆိုးမိတာတွေအတွက် ဗွေမယူပါနဲ့။ အကုန်လုံးက ချစ်လွန်းလို့ဖြစ်သွားတာတွေချည်းပါ။

အခုနားလည်ပေးသလိုပဲ နောက်လည်း နားလည်ပေးသွားမယ်မဟုတ်လား။

မောင်လိမ္မာပါ့မယ်။ ဆင်ခြင်ပါ့မယ်။ ကြိုးစားပါ့မယ်။ အများကြီး အများကြီး။

လမ်းခွဲစကားတော့ ဘယ်တော့မှမပြောပါနဲ့။ မောင်အလိုအပ်ဆုံးက မောင့်သည်းညှာဆိုတာ သိထားပေးပါ။

မောင့်အတွက် အချိန်ပေးပါ။ မောင့်အတွက် ဂရုစိုက်မှုတွေပေးပါ။ မောင့်အတွက် ကြင်နာမှုတွေပေးပါ။ မောင့်အတွက် အချစ်တွေပေးပါ။ လောဘကြီးတယ်ဆိုရင်တောင် မောင့်သည်းညှာတစ်ယောက်တည်းအပေါ်မှာပဲ လောဘကြီးပါရစေ။

မောင့်သည်းညှာဆိုတာ မောင့်ရဲ့သည်းညှာ။ မောင့်အသည်းရဲ့ တစ်ပင်တိုင်အရှင်သခင်။ မောင်တစ်ဦးတည်းအတွက် အသည်းအသက်။

မောင့်သည်းညှာWhere stories live. Discover now