🎉🎁

945 53 1
                                    

Unicode

"ရာဇ စောင့်ပါဦးဟ။ မြန်လိုက်တာ။ ဘယ်တုန်းတည်းက သိမ်းထားတာလဲ။"

"မစောင့်တော့ဘူး။ အစ်ကို့ကို ကျောင်းသွားကြိုမလို့။"

"ဒီကောင် တော်တော်ဖြစ်နေတာပဲ။"

"သွားပြီ။"

ကျောင်းပေါ်ပြေးဆင်းပြီး ကား‌ပေါ်ရောက်မှ အစ်ကို့ဆီ စာပို့လိုက်တယ်။ ဒီနေ့လာကြိုမှာ ကြိုမပြောထားဘူး။

"အစ်ကို့ဆီ ကျွန်‌တော်လာနေပြီ။ အစ်ကိုကျောင်းမဆင်းသေးဘူးမဟုတ်လား။"

"ကြိုလည်းမပြောဘူး။"

"အစ်ကို အံ့ဩသွား‌အောင်လို့။"

"အတန်းမပြီးသေးဘူး။"

"ရတယ်။ ကျွန်တော်စောင့်နေမယ်။"

အစ်ကိုတို့ စာသင်‌ဆောင်ရှေ့က ဒဂုံလမ်းထဲမှာ ပါမောက္ခနေအိမ်နှစ်အိမ်ရှိတယ်။ တစ်အိမ်က ခွေးကြီးက တော်တော်ချစ်ဖို့ကောင်းတာ။ လူအရမ်းခင်ပုံပဲ။ ခြံတံခါးပိတ်ထားတော့ တံခါးကြားကနေ ခေါင်းလေးထွက်ပြီး ပြန်နှုတ်ဆက်နေသေးတယ်။ အမြှီးလေးတနှံ့နှံ့နဲ့။ နောက်ရက်ကျ မုန့်တစ်ခုခုဝယ်လာခဲ့ရမယ်။ သူ့အိမ်က အပြင်စာကျွေးတာကြိုက်ရဲ့လားတော့မသိဘူး။

"ရာဇမောင်။"

"အစ်ကို အတန်းဆင်းပြီလား။ ဖုန်းတော့မဆက်လိုက်ဘူး။"

"ပြောပါဦး။ ကြိုမပြောဘဲ လာရတဲ့အကြောင်းလေး။"

"အစ်ကို့ကို surprite တိုက်ချင်လို့လေ။ အဆင်မပြေဘူးလား။"

"အဆင်မပြေတာတော့မဟုတ်ပါဘူး။"

အကြည့်လွှဲသွားတယ်။ ဘာလို့များလဲ။ တကယ်အဆင်မပြေတာလား။

"ဝဏ္ဏ ငါတို့သွားပြီ။"

"အေး။"

"တာ့တာ။"

အစ်ကို့သူငယ်ချင်းတွေနဲ့တူတယ်။ ယောက်ျားလေးတွေရော မိန်းကလေးတွေရော။ သူငယ်ချင်းဘယ်နှယောက်တောင်ရှိတာလဲကွာ။ စိတ်မညစ်စေချင်တာနဲ့ မမေးတော့ပါဘူး။ အခုတောင် ကိုယ်လာကြိုတာကို ကြည်ဖြူလားမသိ မကြည်ဖြူလားမသိ။

မောင့်သည်းညှာWhere stories live. Discover now