👨‍❤️‍👨

739 32 0
                                    

Unicode

"တင်တောင်... တင်တောင်..."

"ဘယ်သူလဲ။"

"ကျွန်တော်လာတာ ဒေါ်ဒေါ်။"

"ဪ။ မသိပါဘူးကွယ်။ မျက်နှာကို အကုန်အုပ်ထားတော့ ရုတ်တရက်မမှတ်မိဘူး။"

"အကုန်အုပ်ထားမှ ဒေါ်ဒေါ်‌ရေ။ လက်ဆေးဖို့ ဘယ်မှာဆေးရမလဲ။"

"အယ်။ လက်သန့်ဆေးနဲ့ပဲ အရင်ဆေးထားဦး။"

"Mask ပစ်ဖို့ အမှိုက်ပုံးကရော။"

"မေမေ ဘယ်သူလာတာလဲ။"

"ဒီမှာဟေ့။ ကျန်းမာရေးမှူးရောက်နေတယ်။"

"ဟာ ဒေါ်ဒေါ်ကလည်း။ ကျွန်တော်က စိတ်ပူလို့။"

"ဪ အစ်ကိုရာဇ။ ကိုကိုက ရေချိုးနေတုန်း။"

"အစ်ကိုက ဘာလို့ရေချိုးနေတာလဲ။"

"ရုံးသွားဖို့လေ။"

"မသွားပါနဲ့ဆိုတာကို။"

ပြောရင်း ရေချိုးခန်းဘက် ခြေလှမ်းပြီးနေပြီ။

"ခဏ ထိုင်ပါဦးဟယ်။ ငါ့သား ရေချိုးပါစေဦး။"

"ခ်ခ်။"

အစ်ကို့ညီမက ဘာရယ်စရာတွေ့လို့ ထရယ်တယ်မသိဘူး။ အလကားသက်သက် လူကို နေရခက်အောင်။

"ဟုတ်။ ကြွပ်ကြွပ်အိတ်တစ်လုံးလောက်ပေးပါလား။"

"ဘာလုပ်ဖို့လဲ။"

"Mask ပစ်ဖို့လေ။ ဝရန်တာမှာ လက်ဆေးလို့ရလား။"

"ရတယ်။ သွားဆေး။ မင်းမလည်း ပိုရန်ကော။"

"ကာကွယ်ထားမှပေါ့ ဒေါ်ဒေါ်ရ။ မြန်မာနိုင်ငံကို ပိုးကရောက်လာနေပြီ။ သိပြီးပြီမဟုတ်လား။"

"သိပြီးပါပြီတော်။"

"အစ်ကိုရာဇကလည်း။ အဲ့လောက်လိုလို့လား။"

"လိုတာပေါ့။ အဲ့ရောဂါက ကုရမယ့်ဆေးရှိသေးတာမဟုတ်ဘူး။"

"အငယ်မရေ။ ငါ့အင်္ကျီ နင်ယူဝတ်...။ အစ်ကိုရာဇရောက်နေတာလား။"

"ဟုတ်ကဲ့။"

"စောစောစီးစီးရောက်လာရတဲ့အကြောင်းလေး ပြောပါဦး။"

မောင့်သည်းညှာWhere stories live. Discover now