Unicode
"အစ်ကို သင်္ကြန်ဘာအစီအစဥ်ရှိလဲ။"
"အိမ်ကလူတွေနဲ့ လျှောက်လည်ဖြစ်မယ်။"
"ဘယ်နေ့လဲ။"
"အကျနေ့လား အကြတ်နေ့လားမသိဘူး။ ဘာလို့လဲ။"
"ကျန်တဲ့ရက်တွေ မောင်နဲ့ မဏ္ဍပ်လိုက်ထိုင်ပေးပါလား။"
"အာ။ မထိုင်ချင်ဘူး။"
"ဘာလို့လဲ။ ကျွန်တော်နဲ့လေ။"
"မဏ္ဍပ်ထိုင်ရင် ရေဆော့တာကနည်းနည်း မူးနေကြတာကများများ။ မောင်သွားမလို့လား။"
"အစ်ကိုမသွားဘူးဆို မသွားတော့ပါဘူး။ အစ်ကိုလျှောက်လည်တဲ့နေ့ကျ မောင်လိုက်လို့ရလား။"
"ဘယ်လိုလုပ် ရမှာလဲ။ အစ်ကို့အိမ်ကလူတွေနဲ့သွားမှာ။"
"သူငယ်ချင်းတစ်ယောက်က အတူသွားမယ့်အဖော်မရှိလို့ ကပ်လိုက်ပါရစေလို့ပြောရင်ရော။"
"ဟား ဟား။ ရာဇမောင်ရာ။"
"အဲ့လိုဆိုရင်ရောလို့။"
"မရဘူး။"
"ဘာလို့လဲ။"
"အိမ်က အစ်မတွေညီမတွေပါမှာ။ ယောက်ျားလေးသူငယ်ချင်းခေါ်မယ်ဆို ပြောလိမ့်မယ်။"
"ဘာပြောမှာလဲ။"
"ဆူမှာပေါ့ဟ။"
"သူတို့သူငယ်ချင်းတွေရောပါလား။"
"ပါတယ်။"
"မိန်းကလေးတွေလား။ ယောက်ျားလေးတွေလား။"
"မိန်းကလေးတွေ။"
"အဲ့ဒါဆို အစ်ကိုမလိုက်သွားနဲ့။"
"ဟောဗျာ။ ဘာဖြစ်ရပြန်ပြီလဲ။"
"အစ်ကိုကျ အစ်ကို့သူငယ်ချင်းခေါ်လို့မရဘူး။ သူတို့ကျရတယ်။ ပြီးတော့ မောင်စိတ်မချဘူး။"
"ဘာမှမဖြစ်ပါဘူးကွာ။ ငယ်ငယ်တည်းက သိလာတဲ့ကလေးမတွေ။"
"တစ်ယောက်မှ အစ်ကို့ကိုမကြိုက်ဘူးတဲ့လား။"
"အဲ။ အဲ့လိုတော့ မပြောဘူးပေါ့ကွာ။"
"အဲ့ဒါဆို အစ်ကိုဘယ်လိုသိလဲ။"
YOU ARE READING
မောင့်သည်းညှာ