Unicode
"ရာဇ။"
"အေး။"
"ကျောင်းဆင်းရင်သွားသောက်ရအောင်။"
အတန်းထဲက သူငယ်ချင်းတစ်ကောင်က လာခေါ်တယ်။ ကျောင်းပြန်တက်တာ သုံးလေးရက်လောက်ပဲရှိသေးတယ်။ ပြဿနာထပ်ရှာတယ်ဆိုပြီး ဖေဖေနှင်ချရင်ဒုက္ခပင်လယ်ဝေဦးမှာ။
"ငါမလိုက်တော့ဘူး။ ကျောက်ပတ်တီးကြီးနဲ့အဆင်မပြေဘူး။"
"မသောက်လည်းလိုက်တော့လိုက်ခဲ့ကွာ။ မင်းပါမှ ငါလည်းစောစောပြန်လို့ရမှာ။"
သစ်မိုးကပါ ဝင်ပြောလာတော့ ခေါင်းညိတ်လိုက်ရတယ်။ သူတို့သွားတဲ့ဆိုင်က ကိုယ်နဲ့အစ်ကိုနဲ့ ပထမဆုံးတွေ့တဲ့ဆိုင်ဖြစ်နေတယ်။ အသည်းကွဲတိုင်း ဒီဆိုင်ပဲလာသောက်ဖြစ်နေတာလားကွာ။ အဲ့တုန်းကလည်း အရင်ရည်းစားနဲ့ပြတ်ပြီး စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေခေါ်ပြီး လာသောက်တာ။ အဲ့ညက အစ်ကိုလည်း သူ့သူငယ်ချင်းတွေနဲ့။ တစ်အုပ်စုလုံး မူးကွဲပြီး ဂိမ်းတွေဆော့ အော်ဟစ်နေကြတဲ့ အစ်ကို့တို့ဝိုင်းကို ဘယ်သူမှလှည့်မကြည့်ဘဲမနေနိုင်ဘူး။ အားလုံးထဲမှာမှ အစ်ကိုပဲ ထင်းလင်းနေတာ။ တခြားသူ့သူငယ်ချင်းတွေလိုမဟုတ်ဘူး။ မူးနေတာတောင် ခပ်တည်တည်နဲ့။ ဆူညံနေတဲ့ဝိုင်းမှာ ငြိမ်နေတဲ့အစ်ကို့ကိုပဲ ကြည့်နေမိတယ်။ မှတ်မိပါသေးတယ်။
-------------------------------------------------------------------------------------------------------------------------------
"ရာဇမောင် ဘာတွေငေးနေတာလဲ။ သောက်လေ။"
"အေး။"
"ဟေ့ကောင်။ အဲ့ဝိုင်းက အစ်ကိုကြီးလား။"
ကိုယ့်အကြောင်းဆို အူမချေးခါးအကုန်သိတဲ့ သစ်မိုးက အနားကပ်မေးလာတယ်။
"အင်း။"
"အဖြောင့်ကြီးဖြစ်နေဦးမယ်။"
"ဖြောင့်လည်း ရည်းစားမရှိရင်ရပြီ။"
"မင်းပြောတော့ အသည်းကွဲနေတာဆို။"
"မကွဲတော့ဘူး။ ငါ့ရဲ့ Apollo နတ်သားကိုတွေ့ပြီ။ သူကုပေးလိမ့်မယ်။"
"သောက်ပိုတွေကွာ။"
"မင်းလို FA ကောင်က ဒါတွေမသိပါဘူးကွာ။"
YOU ARE READING
မောင့်သည်းညှာ