💝

877 53 2
                                    

Unicode

"ဟေ့ကောင် ဒီမှာ။"

"ဘာလဲ။"

"မင်းအစ်ကို ဝဏ္ဏထွဋ်။"

"နေပါ။"

"တစ်ချက်ကြည့်ကြည့်။"

သူ့ဖုန်းကြီး ထိုးပေးလာတယ်။ အစ်ကိုစကားလာပြောထားတာပဲ။

"Hi ညီလေး။ ရာဇမောင် ဒီနေ့ကျောင်းလာလား။"

"ဟုတ်ကဲ့။"

"သူနေရောကောင်းလား။"

"ဟုတ်ကဲ့။ သူနဲ့ပြောမလား။ အနားမှာရှိတယ်။"

"မပြောတော့ပါဘူး။ သူနေကောင်းတယ်ဆိုပြီးတာပဲ။ ညီလေးကပဲ ဂရုစိုက်ပေးလိုက်ပါဦး။"

"ဟုတ်ကဲ့"

"Bye"

"ဟုတ် Bye"

သူပဲ ဘာဆိုင်လို့လဲမေးပြီး နေကောင်းလားမကောင်းလားသိချင်သေးတယ်တဲ့လား။ အစ်ကိုက ရယ်ရတယ်။

"ရော့။ အဲ့ဒါပဲမဟုတ်လား။"

"မင်းတို့ဟာကလည်းကွာ။"

"ဘာမှမဖြစ်ဘူး။ စိတ်ထဲမထားနဲ့။"

"မင်းလက်ကျိုးတာပြောပြလိုက်ရမလား။"

"မပြောနဲ့။ ထားလိုက်။"

"မင်းဘက်က တကယ်ပြတ်ပြီလား။"

"အင်း။"

ဘာမှမစဥ်းစားချင်တော့ဘူး။ အခုရက်ပိုင်း စိတ်ပင်ပန်းနေတာများပြီ။ စာလည်းလုပ်ချင်စိတ်မရှိဘူး။ ဘာကိုမှ လုပ်ချင်စိတ်မရှိတာ။ ဒါပေမယ့် လုပ်ငန်းသဘောနဲ့ ရင်းနှီးကျွမ်းဝင်အောင် ညဘက်ကျ ဖေဖေနဲ့ ကုမ္ပဏီကိစ္စတွေ စာရင်းတွေကူလုပ်ဖြစ်တယ်။ အဲ့ဒါမှ အစ်ကို့အကြောင်းမတွေးဖြစ်မှာ။ အလုပ်အကြောင်းသိလာတော့ စာတွေ့နဲ့လက်တွေ့ ကွာတဲ့နေရာတွေအများကြီး။ အစ်ကိုနဲ့ပတ်သက်ပြီးလည်း စိတ်ကူးနဲ့လက်တွေ့က တခြားစီပါပဲ။ ကိုယ်က introvert ဆန်တယ်။ သူငယ်ချင်းအပေါင်းအသင်းမများဘူး။ အေးအေးဆေးဆေးနေချင်တာမျိုး။ အစ်ကိုက extrovert အကြီးစား။ ခင်မင်ရင်းနှီးတဲ့သူများတယ်။ အစ်ကို့မှာ အကြီးမားဆုံးပြဿနာကတော့ ရည်းစားဟောင်းတွေနဲ့ မပြတ်တာပဲ။ နောက်တစ်ယောက်ရနေပြီးမှ ဘာလို့ကိုယ့်အကြောင်း စိတ်ဝင်စားနေသေးလဲ။

မောင့်သည်းညှာWhere stories live. Discover now