Unicode
ဒီကလေးလေးလည်း ပြီးသွားပြန်ပါပြီ။ 😢
အပိုင်းတိုင်းလိုလို အချိုတွေကျွေးပြီး ပြန်ပြန်သတ်လိုက်မိတယ်ထင်တယ်နော်။ 🙄
ဇာတ်ကြောင်းလေးက ရိုးရိုးလေးပါပဲ။ Playboy အစ်ကိုကြီးနဲ့ overthinker ကောင်လေးပေါ့။ ရန်ဖြစ်ပြီး မခေါ်တာက တစ်လလောက်ပဲ ကြာတယ်ဆိုပေမယ့် အဲ့လိုအတွေးလွန်တတ်သူတွေအဖို့ ရှိရှိသမျှ လျှောက်တွေးကြတော့တာပဲ။ ဒီလူတစ်ယောက်နဲ့ စတွေ့တဲ့အချိန်ကစလို့ အခုလက်ရှိအဆုံး ကကြီးကနေ အ အထိအကုန်တွေးတာပဲ။ ပြီးရင် ဘာမှလည်းဟုတ်တာမဟုတ်ပါဘူး။ ပိုချစ်တော့လည်း အတွေးလွန်ရင်တောင် ကိုယ့်ဘက်ကလွန်သွားလားဆိုတာပဲ တွေးနေမိတာ။ ဒီလူနဲ့ပြန်တွေ့ရရင် အတွေးလွန်သမျှ ဟုတ်ခနဲပျောက်ပြီး ဒီလူနဲ့ပဲ အတူရှိချင်တော့တာ။
အကျင့်တွေက ဖျောက်ရခက်တယ်။ ချစ်တဲ့လူတစ်ယောက်ကြောင့် ဖြစ်တည်လာတဲ့အကျင့်မျိုးဆို ပိုဖျောက်ရခက်တယ်။ အရင်လူတွေနဲ့ဆို ဘာသိဘာသာနေတတ်တဲ့လူက ဒီလူနဲ့တွေ့မှ ဖုန်းတဂွမ်ဂွမ်ဆက် စာတွေဆက်တိုက်ပို့နေတတ်တာမျိုး။ အချိုးတွေအကုန်ပြောင်းကုန်တာမျိုး။ သဝန်တိုတတ်တဲ့အကျင့်၊ ချုပ်ချယ်တတ်တဲ့အကျင့်တွေ ရလာတာမျိုး။ ဘယ်သွားသွား ဘာလုပ်လုပ် ကိုယ့်ကို အကုန်ပြန်ပြောပြစေချင်တာမျိုး။ သူလုပ်သမျှ သူကြိုက်သမျှ အကုန်လိုက်လုပ်ကြည့်ချင်တာမျိုး။ လိုက်မကြိုက်ပေးနိုင်ရင်တောင် သူ့ကိုတတ်နိုင်သမျှ အားပေးချင်တာမျိုး။ ကိုယ်ကလည်း သူ့ကိုပဲ ပုံအပ်ထားသလို သူ့ရဲ့အရာရာ ကိုယ်ပဲဖြစ်ချင်တာမျိုး။
အချစ်က လူတွေကို ပြောင်းလဲစေတယ်တဲ့။ စာဖတ်သူတို့ရော အဲ့စကားကို ယုံလား။ ကိုယ့်ကို ပြောင်းလဲစေလောက်တဲ့ အချစ်မျိုးရှာတွေ့ပြီလား။ ယခုလက်ရှိမှာ တစ်စုံတစ်ရာကို ရူးရူးမိုက်မိုက်ဖက်တွယ်ထားမိဆဲ၊ မေ့မေ့ပျောက်ပျောက်ခွင့်လွှတ်ပေးတတ်ဆဲ၊ နက်နက်ရှိုင်းရှိုင်းသတိရနေဆဲလား။ Kendra တော့ အဲ့လိုဂုဏ်သတ္တိတွေ ပေးစွမ်းတဲ့ တစ်စုံတစ်ရာကို အချစ်လို့ ရည်ညွှန်းပါတယ်။ စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ...?
YOU ARE READING
မောင့်သည်းညှာ