👊🏻💥

1.2K 84 2
                                    

Unicode

နိုးလာတော့ ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားနေရတယ်။ အခန်းထဲပဲ အောင်းနေတာကြာပြီဆိုတော့ မွန်းကြပ်နေတာနဲ့ လေညင်းခံရအောင် အပေါ်ထပ်အပါးတစ်ထည်ကောက်စွပ်ပြီး ထွက်လာခဲ့လိုက်တယ်။

"သားငယ် ဘယ်လဲ။"

"လမ်းလျှောက်ထွက်မလို့။"
"မိုးမချုပ်စေနဲ့နော်။"

"ဟုတ်ကဲ့။"

ဘာရယ်မဟုတ်လျှောက်သွားရင်း လူကူးကုန်းတံတားပေါ်ရောက်သွားတယ်။ လေတဖြူးဖြူးနဲ့။ အခုချိန် ဘီယာသောက်ရရင်ကောင်းမှာ။ ဆင်းပြီး ဘီယာတစ်ဘူးနဲ့ ဆေးလိပ်သုံးလိပ်ဝယ်ပြီး တံတားပေါ် ပြန်တက်လာခဲ့တယ်။ ကိုယ့်ခြေထောက်အောက်မှာ ကားတွေဟိုဟိုဒီဒီသွားလာနေကြတယ်။။ မီးပွိုင့်မိတဲ့အခါမြင်ရတဲ့ အနီရောင်ကားမီးတန်းကြီးက ကြည့်လို့ကောင်းတယ်။။ အဆောက်အဦတွေက မီးရောင်စုံတွေလည်း လှတယ်။ ပလက်ဖောင်းတွေပေါ်က လူတွေကိုလည်း လိုက်ကြည့်နေမိတယ်။ ဟိုကြည့်ဒီကြည့်နဲ့ စက္ခုရထားက ဆိုင်တစ်ဆိုင်ရဲ့ တံစက်မြိတ်အောက်က အစ်ကို့ဆီမှာ ဘူတာဆိုက်တယ်။ အစ်ကိုတစ်ယောက်တည်းထင်တာ သူ့ဘေးမှာ တခြားကောင်တစ်ကောင်လည်းပါတယ်။ နောက်ကျောပဲမြင်ရတာဆိုတော့ ဘယ်သူလဲမသိဘူး။ ရယ်ရယ်မောမောနဲ့စကားပြောနေတာတော့ မြင်နေရတယ်။ လွယ်အိတ်တွေနဲ့ဆိုတော့ သင်တန်းဆင်းလာတာဖြစ်မယ်။ နေပါဦး။ ဒီနေ့ ဘာသင်တန်းမှမှမရှိဘဲ။ ဖုန်းဆက်မယ်ဆိုပြီးကြည့်လိုက်တော့ ဖုန်းမပါလာဘူး။ ဆင်းသွားရင်ကောင်းမလား မကောင်ဘူးလား ချီတုံချတုံနဲ့ တံတားအပေါ်ကနေပဲ ရပ်ကြည့်နေလိုက်တယ်။ ဆင်းသွားတော့ရော ဘာပြောရမှာလဲ။ သဝန်တိုရအောင် သူနဲ့ကိုယ်နဲ့က ပြတ်ပြီးနေပြီပဲ။ တတ်နိုင်သလောက်တော့အာရုံလွှဲပေမယ့် မတတ်နိုင်ဘူး။ အစ်ကို့ကိုပဲ ကြည့်နေမိတယ်။ လိုင်းကားပေါ်တက်သွားကြတဲ့အထိ လိုက်ကြည့်ပြီးမှ ကိုယ်လည်းအိမ်ပြန်လာခဲ့တယ်။ အစ်ကို့ဆီ ဖုန်းဆက်ရမယ်။

"သားငယ် ပြန်လာပြီလား။"

"ဟုတ်။"

"ရေမြန်မြန်ချိုးပြီးဆင်းလာခဲ့နော်။ ထမင်းစားမယ်။"

မောင့်သည်းညှာWhere stories live. Discover now