"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့" "ကျွန်တော်ရဲ့ ခင်ဗျားကိုချစ်တယ်ဆိုတဲ့စကားက ဘာစောက်အဓိပ္ပာယ်မှမရှိဘူးပေါ့ ဟုတ်လား" "မင်း ထပ်ပြောမလာနဲ့ ဒို့မကြားချင်ဘူး" "မကြားချင်လည်း မတက်နိုင်ဘူး ကျွန်တော်ခင်ဗျားကိုချစ်တယ် ခင်ဗျားကိုသိပ်ချစ်တယ်" "မင်း....မင်း...." ဒီလိုပါပဲ မာန်မာနတွေထောင်လွှားနေတဲ့ သူ့ရှေ့ကစူးရှရှမျက်လုံးပိုင်ရှင် အမျိုးသမီးကို သူ ချစ်ဖို့မကြိုးစားပါဘဲ ရူးရူးမိုက်မိုက်ချစ်မိသွားခဲ့တယ် 🪄🪄 မာနခဲ မမနဲ့ ရှမ်းေမာင်လေးတို့ကြား ညှိ့မရခြင်းများစွာနဲ့ချစိခြင်း