12🖤

3.1K 181 1
                                    

Unicode.
.
.
.
နော်ရယ် ငယ်နဲ့အတူတူ ထမင်းစားပြီးသည်နှင့် အိမ်တော်ကြီးရဲ့ အနောက်ဘက်က ​တောအုပ်ငယ်လေးဘက်ဆီ ငယ့်ကိုခေါ်လာခဲ့လိုက်တယ်။
အရင်က ထိုတောအုပ်ငယ်လေးဟာ ချုံနွယ်တွေနဲ့ ပြည့်နှက်နေကာ မြွေစသည့်အကောင်များအောင်းနေတတ်တယ်။ ထို့ကြောင့် ထိုတောအုပ်ငယ်လေးကို လွန်ခဲ့တဲ့ နှနှစ်လောက်ကစပြီး နော်ရယ် ရှင်းခိုင်းထားကာ ပန်းမျိုးစုံတွေ စိုက်ခိုင်းထားပြီး ရေတံခွန်ငယ်လေးပြုလုပ်ထားတယ်။ ထိုနေရာလေးက အရင်ကလို အနံသက်မကောင်းတာတွေရှိမနေတော့ဘဲ ပန်းရနံ့လေးသင်းနေကာ ရေတံခွန်က ရေကျသံလေးတွေနဲ့ ပြည့်စုံနေတယ်။
အိမ်တော်ကြီးနဲ့ တောအုပ်လေးကိုဆက်သွယ်ထားတဲ့ လျောက်လမ်းလေးဘေးဘက်တွေမှာ ကျောက်စရစ်ခဲ လေးတွေကို ညီညာစွာဖြနိ့ကျက်ထားတယ်။ ပန်းပင်ငယ်လေးတွေကောအပါအဝင်ပေါ့။
မှောင်မိုက်နေပြီးအနံ့သက်မကောင်းတဲ့ တော အုပ်ကလေးကနေ လင်းထိန်ကာပန်းရနံ့မျိုးစုံရနေတဲ့တောအုပ်လေးအဖြစ်ပြောင်းလဲသွားတယ်။
အဲ့လိုဘဲ ငယ်ဆိုတဲ့လှပတဲ့ နတ်ဘုရားမလေးကသူ့ဘဝကို အလင်းရောင်လေး အဖြစ်ပြောင်းလဲခဲ့တာသူ​ပေါ့။

"ကိုကို ငယ်တို့ဘယ်သွားနေတာလဲဟင်"

နော်ရယ်ရဲ့အကျီကို ဝတ်ထားတဲ့ငယ်ဟာ တစ်ကယ့်ကို အလှနတ်ဘုရားမှလေးပင်။
ဖြူဥနေတဲ့ ခြေထောက်လေးတွေရှိ ခြေချောင်းလေးတွေကအစ ထိခိုက်မိသွားမည်ကို စိုးရိမ်နေရတယ်။ နော်ရယ် လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားခံရတဲ့ သေးသွယ်တဲ့ ငယ့်လက်ဖောင်းဖောင်း လေးတွေဟာလည်း ေသးသွယ်လွန်းတာကြောင့်မြှုပ်နေလေတယ်။ မျက်ဝန်း ဝိုင်းဝိုင်းလေးနဲ့ မျက်တောင်စိပ်စိပ်လေးတွေကလည်းပနံကျနေကာ မျက်ခွံလေးကို ဆေးရောင်ခြယ်ထားတာ​ကြောင့် ခပ်ရဲရဲလေးဖြစ်နေလေတယ်။ နော်ရယ် အကြည့်တို့သည် ငယ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းစီကို လွန်စွာနှစ်ခြိုက်တာကြောင့်မခွာတန်းကိုကြည့်နေမိတယ်။

"ကိုကို"

"ဟင် အော် ငယ့်တွက်သီးသန့် ပြုလုပ်ထားတဲ့ တောအုပ်လေးဆီကိုလေ"

"ဟင် တစ်ကယ်လား ကိုကို"
မျက်ဝန်းဝိုင်းဝိုင်းလေးတွေက အံ့အားသင့်တဲ့ ပုံစံလေးဖြစ်နေလေတယ်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now