Unicode.
.
.
.
ဒေါ်အိမ့်မော်လွင်ဟာ သမီးလေးပြန်အလာကိုအိမ်ရှေ့ကနေစောင့်နေခဲ့တယ်။
သို့ပေမယ့် ခါတိုင်းရုံးဆင်းချိန်ထပ် သမီးငယ်ဟာနောက်ကျနေတာကြောင့် ဒေါ်အိမ့်မော်လွင် စိတ်အတော်ပူနေရတယ်။
ည၈နာရီ ခြံရှေ့မှာ လာရပ်တဲ့ကားအကောင်းစားကြီးကြောင့် ဒေါ်အိမ့်မော်လွင်ဟာ တံခါးနားကနေရပ်ကြည့်နေခဲ့တယ်။
ကားပေါ်က သမီးငယ်ဟာ ဆင်းလာတယ်ပြီးတော့ အနောက်တိုင်းဝတ်စုံကို ခန့်ညားစွာဝတ်ဆင်ထားတဲ့လူငယ်တစ်ယောက်ကော ဆင်းလာခဲ့တယ်။ ထိုလူငယ်နဲ့သမီးငယ်ကိုဒေါ်အိမ့်မော်လွင် အဝေးတစ်နေရာကနေဘဲစောင့်ကြည့်နေခဲ့တယ်။
သမီးငယ်ရဲ့အကြည့်တွေဟာထိုလူငယ်ပေါဘယ်လောက်မျော်လင့်ချက်နဲ့ မေတ္တာ တွေပြည့်နှက်နေတယ်ဆိုတာ အဝေးက လူခန့်မှန်းမိလောက်တဲ့ထိ ဖြစ်နေတယ်။ ဒေါ်အိမ့်မော်လွင်ဟာ ပြုံးကာ ဧည့်ခန်းရဲ့ ဆိုဖာကနေဘဲ ထိုင်စောင့်နေလိုက်တယ်။ခနအကြာ ပြုံးရွှင်နေတဲ မျက်နှာနဲ့ဝင်လာတဲ့သမီးငယ်ကာ သူ့ကိုတောင်မမြင်ပေ။
"သမီးငယ်""အာ ရှင် မေမေ ဟဲဟဲ "
"နောက်ကျတယ်နော် ".
"ဟုတ်တယ်မေမေ ရုံးမှာ စားသောက်ပွဲလေးရှိလို့"
"ဟူတ်ပြီ ဒီနေ့ ကိုထက်အိမ်လာသွားသေးတယ် သမီးငယ်က ရုံးမှာမရှိလို့သူမကြိုခဲ့ဘူးတဲ့"
ကိုထက်ဆိုတဲ့အသံကြားတာနဲ့ အိမ့်ဟာ မျက်နှာပျက်သွားခဲ့တယ်။ မေမေတို့က မိဘချင်းသဘောတူညီမှုလုပ်ထားတာကြောင့် မေမေပြောတုန်းက အိမ့်မငြင်းခဲ့ပေ။ အခုတော့မတူတော့ အိမ့်ငြင်းမှရမည် ကိုကိုကိုသူအဆုံးရှုံးမခံနိုင်ပါ။ ၅နှစ်ကြာမှပြန်တွေ့ရပေမယ့် ရင်ခုန်သံတွေကတော့ မနေ့တစ်နေ့ကလို လတ်ဆတ်နေတုန်းပင်။ တောင်းပန်ပါတယ်မေမေ သမီးကြောင့် မျက်နှာပျက်စေရမယ်ဆိုရင်။
"မေမေ သမီး လေ"
ေတွဝေစွာပြောနေတဲ့သမီးငယ်ကြောင့် သဘောပေါက်ခဲ့တယ်။ သို့ပေမယ့် မသိချင်ယောင်သာဆောင်လိုက်၏။
"ဘာပြောချင်လို့လဲ သမီးငယ်"
"ဟို ဘာ ဘာမှမဟုတ်တော့ဘူး မေမေ သမီးနားတော့မလို့"
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022