26🖤

2.8K 166 13
                                    

Unicode.
.
.
.
.
အဂ်လန်က ညနေပိုင်းရောက်လာချိန် အအေးကပိုစိမ့်လာတယ်။ ငယ့်ကိုယ်ပေါ်ကို သိုးမွှေးကုတ်ထပ်ဝတ်ပေးထားပြီး မာဖလာလေးပါ ပတ်ပေးလိုက်သည်။ သိုးမွှေးကုတ်က အတော်ရှည်တော့ ဖက်ကဖက်ထုပ်လုံးလေးလိုဖြစ်နေလေတယ်။ အအေးနဲ့သိပ်မတည့်တာမလို့ ငယ့်ကို ခြေတွေလက်တွေကအစ အစွပ်တေစွပ်ပေးထားသည်။

အဂ်လန်ကို ရောက်တဲ့ချိန်က နေ့လည်ဖြစ်တာကြောင့် ငယ် နဲ့သူ ပြန်နိုးလာချိန်က ညနေ ဖြစ်နေလေသည်။

"ယောကျာ်း ငယ့်ကို ဒီလိုကြီးထုပ်ထားမှရမာလား"

နှုတ်ခမ်းလေးဆူကာ ငယ်က ရန်တွေ့တယ်။ ငယ့် ပုံစံက တစ်ကယ့်ကို ပျားဖမ်းမယ့်လူနဲ့တူနေသည်။ ဘာလိူ့ဆို တစ်ကိုယ်လုံးမှာ မျက်နှာလေးပေါ် နေရာအလွတ်ရှိနေ၍ပင်။

"ကိုယ် ဒီလိုမထုပ်ထားရင် မိန်းမဖျားမှာပေါ့၊ ခေါင်းတွေလဲကိုက်မယ် ဗိုက်တွေလဲနာမယ် ခြေလက်တွေထုံကျင်ကုန်မာပေါ့"

ကိုကိုက ရှင်းပြတာနဲ့မတူ ခြိမ်းခြောက်တာနဲ့တူနေလေသည်။ အိမ့် ကြက်သီးထသလို နှုတ်ခမ်းကို သွားစိပြတော့ ကိုကိုက ရယ်နေလေရဲ့။

"ယောကျာ်း ကခြိမ်းခြောက်နေတာဘဲ"

နှုတ်ခမ်းလေးဆူ မျက်စောင်းလေးဝင့်ကာ ငယ်က ငြူစူစူလေးပြောတယ်။
နောက်ရယ် ဖောင်းထွက်နေတဲ့ ပါးကြီးကို ချစ်စနိုး အူယားစွာဆွဲညှစ်လိုက်သည်။

"ကိုယ်က အကြမ်းဖက်တဲ့သူမှမဟုတ်ဘဲ ၊ မခြိမ်းခြောက်ပါဘူး မိန်းမခံစားရမာစိုးလို့ပါ"

နှာလုံးလူံးလေးကို လက်ညိုးလေးနဲ့တို့ပြီး ကိုကိုကပြောသည်။

"ကောင်းပါပြီ ရှင့်၊ သွားရအောင် မေမေတို့ဖွားတို့စောင့်နေလောက်ပြီ"

"ဟုတ်ပါပြီ ခင်ဗျ"

နော်ရယ်က အရပ်ရှည်တော့ ငယ်မှာမော့ကြည့်ပြီး စကားပြောရတာ ဇာတ်နာမှာစိုးလို့ ငယ်နဲ့စကားပြောရင် နော်ရယ်က ဒူးကွေးရတာ ဒူးတွေညောင်းသည်ထိပင်။
ငယ့်လက်တစ်ဖက်ကိုတွဲပြီး တစ်ဖက်ကခါးလေးကိုပွေ့ဖက်ထားသည်။
ဒီနေ့ငယ်က ပျားဖမ်းသမားလေးနဲ့တူပေမယ့် ဒေါက်မြင့်ဖိနပ်ကိုစီးထားတာကြောင့် ငယ့်အရပ်ကနော်ရယ်ပုခုံးကျော်ကျော်လောက်ရှိနေလေသည်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now