Unicode.
.
.
.
.
.
(Time code အတိကျမသိပေမယ့် ကိုယ့်စိတ်ကူးနဲ့ရေးမှာပါ)( မြန်မာပြည်က ညဆို အဂ်လန် မှာ နေ့လည်အချိန်လောက်ရှိပါမယ်။)
အိမ်ယာထပ်မှာလှဲလျောင်းနေတဲ့လူနှစ်ယောက်ဟာ အဝတ်စားကင်းမဲ့နေကျတယ်။
လူစီ ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကြောင့် နိုးလာခဲ့တယ်။ဘေးနားမှာအိပ်နေတဲ့ jackကိုကြည့်ကာလူစီပြုံးလိုက်တယ်။
ညက သူ jackနဲ့ပျော်ပါးမိလိုက်တယ်။ သူကမိန်းကလေး ထို့ကြောင့်လည်း အပျော်ပါးမက်တယ်။ လူစီဟာသူ့ဘေးမှာအိပ်နေတဲ့ jackရဲ့မျက်နှာအစိတ်ပိုင်းတစ်ခုချင်းဆီကို ထိတွေ့နေလိုက်တယ်။ သူမ jackကိုသဘောကျတယ် သို့ပေမယ့် မချစ်ပေ။"Bae နိုးနေရင် ငြိမ်ငြိမ်နေကွာ ကိုယ့်ကိုထပ်မစနဲ့"
"Darling ကနိုးနေတာကိုအိပ်ချင်ယောင်ဆောင်နေကိုး"
Jackဟာ လူစီကို သဘောကျတာ သုံးလလောက်ရှိခဲ့ပြီ သူမကို ဒီbarမှာတင်တွေ့ခဲ့တာမလို့ jackဟာ ဒီbarကို နေ့တိုင်းလာခဲ့သည်။
Jackက လူစီ ကိုယ်လုံးလေးကို သူ့ကိုယ်နဲ့ နီးကပ်အောင်ဆွဲကပ်လိုက်ကာပြန်အိပ်နေတယ်။
"မထချင်သေးဘူးလား Darlingက""အင်း baeလည်းပြန်အိပ်"
ဘာမှထပ်မပြောတော့ဘဲလူစီလည်း jackကိုပြန်ဖက်ကာအိပ်လိုက်တယ်။
.
.
နော်ရယ် မနက်ကတည်းက ငယ့်ကိုကြည့်နေတာ ငယ်ဟာမနေ့ကထပ်ဒီနေ့ပိုကြည့်ကောင်းနေတယ်။
ခုလည်း သူငယ်ချင်းသုံးယောက်စာကျက်နေတာတောင် နော်ရယ်ကိုလှမ်းလှမ်းကြည့်နေတဲ့ငယ်ဟာ တစ်ခုခုကိုပြောချင်နေသလိုပင်"ငယ် ကိုကို့ကိုပြောစရာရှိလို့လား"
"အင်း မနက်ကျ ဘုရားသွားရင် ကိုကို လိုက်မယ်မလား"
နော်ရယ် လိုက်ဖို့စိတ်ကူးထားပေမယ့်ငယ့်ကိုစချင်တာကြောင့်
"မလိုက်ဘူးငယ် ဘာလို့လဲ""ဟင် ဘာလို့လဲကိုကို"
ငယ့်မျက်နှာသိသိသာသာညိုးသွားတာကြောင့် နော်ရယ် စလိုက်တာလွန်သွားပြီလို့ထင်လိုက်မိတယ်။ သို့ပေမယ့် ငယ့်တုံ့ပြန်ချက်ကိုထပ်သိချင်သေးတာကြောင့် နော်ရယ် အကြောင်းပြချက်ပေးလိုက်တယ်။
"ကိုယ်က မလိုက်ချင်လို့"
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022