Unicode
.
.
.
.
မနက်ခင်း နေရောင်က စူးကနဲ ကားမှန်ကနေဖောက်ထွင်း၍ နော်ရယ် မျက်နှာဆီကျရောက်လာသည်။ ကားပေါ်အိပ်ရသည်က မသက်သာလှပေ၊ ခါးနာသည်၊ ဇက်နာသည်၊ အုန်းလွဲမတတ်ပါဘဲလေ။ မနက်ခင်း အနွေးဓာတ် လေးဖြစ်တဲ့ ဖက်နေကျ ကိုယ်လေးကို လွမ်းခနဲဖြစ်သွားမိတယ်။ စိတ်မကောင်းမှုက စို့တက်လာသလို ဝမ်းနည်းမှုက မျက်ရည်ကျလုနီးနီး၊ ပြောမိတဲ့ ပါးစပ်ကို ပိတ်ရိုက်လိုက်ပြီး ဆုံးမပလိုက်တယ်။အဲ့ဒါ စောက်ရစ်ရှည်ချင်တဲ့ ပါးစပ်ကြောင့်!
အမေပျောက်တဲ့ သားလို ငိုမဲ့မဲ့ ဖြစ်နေတဲ့ နော်ရယ်ကို jin နဲ့ john တာတွေ့ရင် လှောင်လိုက်မဲ့အမျိုး။
မထူးဇာတ်ဘဲခင်း၍ ငယ့်ဆီကိုသာ မောင်းနှင်လိုက်သည်။
တစ်ကယ် သူတစ်မနက်တည်းနဲ့တင် အလွမ်းဒဏ်ကိုမခံနိုင်ပါ။လမ်းမထပ် မနက်စောစော လျင်မြန်တဲ့ လျှပ်စီးလို့ မောင်းနှင်သွားတဲ့ ကားတစ်စီးကြောင့် လူတစ်ချို့ ပြောဆိုကျလေသည်။
ကားထဲက လူတစ်ယောက်ကတော့ ထိုအရာတွေကိုလျစ်လျူတတ်တဲ့လူစားမျိုးဖြစ်နေခဲ့တယ်။ငယ်ရီရာအရပ်ဆီ အမြန်ဆုံးရောက်လာခဲ့ပေမယ့် ကြိုဆိုတဲ့သူမရှိ အိမ်တံခါးက သော့ခတ်ထားလေသည်။
ဘာများဖြစ်သလဲ လို့ စိတ်ပူဇောနဲ့ဖုန်းခေါ်တော့လည်း လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါသဖြင့် ဆိုတဲ့ မိန်းမ အသံသာကြားရသည်။
စိတ်ပူတုန်လှုပ်စွာနဲ့ဘဲ အိမ်တော်ထိန်း ခမ်း ဆီခေါ်တော့လည်း ဖုန်းစက်ပိတ်ထားသည်တဲ့....ဘာတွေလဲ တစ်ယောက်မှငါ့ ဖုန်းကိုမကိုင်ကျတာက....။တောင်သွားရမလို မြောက်သွားရမလို နဲ့ ဗျာများနေစဥ် သတိရမိသည်က ငယ့်သူငယ်ချင်းနှစ်ယောက်ကို ပင်....။
သူတို့ရှိ့နိုင်လောက်သည့် ကိုယ့် ကုမ္ပဏီကို သာအမြန်မောင်းနှင်ရပါသည်။
ဒီနေ့အဖို့ နော်ရယ် မျက်နှာလည်းမသစ်ရသလို၊ သွားလည်းမတိုက်ရသေးပေ၊ ဇောချွေးတော့ပြန်ပေမယ့် ချွေးနံ့တော့ မထွက်သေးပါချေ။
မနေ့က ကုမ္ပဏီ ဝတ်ဆုံကြီးနဲ့ နက်ကတိုင်ဖရိုဖရဲ၊ အကျီ ခါးတစ်ဖက်ထွက်က ခေါင်းစုတ်ဖွား၊ မျက်ကွင်းညိုညိုက နော်ရယ်နဲ့ လိုက်ဖက်စွာ ဗရုတ်ကျနေလေသည်။
လှသည် မလှသည်၊ ချောသည် မချောသည်၊ ကိုသတိမထားနိုင် သားပျောက်တဲ့မိခင်ကြီးလို တစ်မနက်တည်းနဲ့ နော်ရယ် အပူမီးဝိုင်းသွားခဲ့ရသည်။
ကုမ္ပဏီ ရောက်တော့ လျင်မြန်စွာ အထဲဝင်ကာ အရူးတစ်ယောက်လို ငယ့်ကို ရှာ၊ ငယ့်သူငယ်ချင်းကို ရှာနေသည့် နော်ရယ်က သူဖုန်းစားတစ်ယောက်လို တစ်မနက်တည်းနဲ့ အိုစာကာ ရုပ်ပျက်သလိုဖြစ်သွားသည်။ ထို့ကြောင့်လည်း ဝန်ထမ်းများက နော်ရယ့် ကိုကြည့်ကာ လန့်ဖြတ်ကုန်ကျပြီး ကြောက်ရွံကုန်သည်။
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022