1🖤

15.3K 409 0
                                    

Unicode.
.
.
.
.
.
မြန်မာနိုင်ငံရဲ့ လေဆိပ်တစ်နေရာ

အရှိန်အဝါတွေနဲ့ lauggeကိုဆွဲကာလေဆိပ်ဆင်းလာတဲ့လူတစ်ယောက် ထိုလူသည် ချောမောခန်ညားလှသည် လေဆိပ်ကလူအသီးသီးသည်လည်း ထိူလူကိုသာအာရုံရောက်နေပေမယ့် ထိုလူသည် မည်သူ့ကိုမှဂရုမစိုက်ဘဲ သူဆွဲလာသော lauggeကို လာကြိုတဲ့ သက်တော်စောင့်ထဲကတစ်ယောက်ကို လက်လွှဲပေးလိုက်သည်။
ထို့နောက် အနက်ရောင်ကားသုံးစီးရဲ့အလယ်က ကားတစ်စီးပေါ်ကိုဟန်ပါပါတက်ကာ လေဆိပ်ကနေထွက်ခွာခဲ့ကျသည်။

အနက်ရောင်ကားသုံးစီးအနက် အလယ်က ကားသည် အိမ်တော်ကြီးထဲသို့အရင်ဝင်ပြီးနောက်ကားနှစ်စီးကလိုက်ဝင်သည်။
ထိုအိမ်တော်ကြီးရဲ့သခင်သည် နော်ရယ် ဖြစ်သည်။ထို့ကြောင့် ထိုအိမ်တော်ကြီးကို Dark Rel လို့ခေါ်သည်။ ထိုအိမ်တော်ကြီးရဲ့အမည်သည် သခင် နော်ရယ် ကိုယ်တိုင်ပေးထားခြင်းဖြစ်သည်။ သခင်​ နော်ရယ် သည်အနက်ရောင်ကို ေလးနက်စွာနှစ်ခြိုက်သည်။

ကားပေါ်က ဆင်းလာတဲ့ သခင်(နော်ရယ်)ကို အိမ်စေ အသီးသီးက ဦးညွှတ်ကာကြိုဆိုနေလေသည်။ ထိုထဲမှ အသက်ခြောက်ဆယ်အရွယ်အဖွားအို အိမ်စေကြီးသည် သခင်နားကိုလာကာ အရိုအသေပြုလေသည်။ ထိုအိမ်စေကြီးသည် Dark Rel ကို စတည်ဆောက်ကတည်းက ရှိနေခြင်းပင်ဖြစ်သည်။

"သခင် အနားယူတော့မလား"

"အင်း"
အိမ်စေကြီးသည်လည်း သခင့်အပြောကိုကြည့်ကာ အိမ်စေ လေးတွေကို ဆက်ဦးမညွှတ်စေရန် အချက်ပြလိုက်သည်။ သခင် နော်ရယ်သည် လူများတာကိုမကြိုက်ပေ သူ့နားမှလူတွေဝိုင်းနေရင် ပိုတောင်မကြိုက်ချေ။ သခင်သည် မာနကြီး သည် သို့သော် သူသည် လုံးဝမရိုင်းစိုင်းပေ။ သခင် နော်ရယ်သည် ဗမာနဲ့အဂ်လိပ် လူမျိုးစပ်ဖြစ်သည်။ သခင်ရဲ့ ဖခင်သည် အဂ်လိပ်လူမျိုးဖြစ်ပြီ အမေသည် တရုတ်ဗမာ ဖြစ်သည်။

ထို့နောက် အိမ်စေကြီး နောက်ကို နော်ရယ်သည် လိုက်လာခဲ့သည်။နော်ရယ်တွက် မြန်မာပြည်ရောက်ချင်းသည် ဒါပထမဆုံးဖြစ်သည်။ အရာရာကိုစေ့စပ်သေချာတဲ့ နော်ရယ် အဖွားသည် နော်ရယ်တွက်အားလုံးပြင်ဆင်ပေးထားသည်။
ထို့နောက် အိမ်စေ​ကြီးသည် အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်သည်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now