Unicode.
.
.
.
.
ကုတင်ပေါ်မှာ ငယ့်ကိုအိပ်စေချင်ပေမယ့် ခါးရိုး နာနေတာပိုဆိုး မည်စိုးတာကြောင့် ဆက်ပွေ့ထားလိုက်သည်။
ခုချိန်မှာ အလုပ်မလုပ်ချင်ပေမယ့် ယခု အလုပ်သည် မလုပ်လို့မရ....။
ငယ်နဲ့ ယူပြီးရင် နေဖို့ အိမ်အတွက် အတွင်းပရိဘောဂတွေကို သူကိုယ်တိုင် စီစဥ်နေရသည်။ ကိုယ်တိုင် စီစဥ်နေတာတောင် ယခုချိန်ထိစိတ်ကြိုက်ရယ်လို့မတွေ့သေး ဒီဇိုင်းကို ကိုယ်တိုင်ဆွဲ ပြီးတော့သာ အပ်တော့မည်လို့စိတ်ကူးပြန်တော့လည်း အချိန်ကမလောက် ဟူးးဘယ်လိုတောင် လုပ်ရပ့။စဥ်းစားမရတဲ့ အဆုံး ငယ် နဲ့သာ တိုင်ပင်မည်လို့ ဆုံးဖြတ်ပြီး ပေါင်ပေါ်မှာကားယားခွကာပုခုံးထပ် ခေါင်းအပ်အိပ်နေတဲ့ ငယ့်ကို ရင်ဘတ်ပေါ် ပြောင်းပြီးအိပ်စက်စေကာ
နော်ရယ် မျက်လုံးအစုံ စုံမှိတ်လိုက်တော့သည်။ညချိန် ဆေးရုံတွင်း တိတ်ဆိတ်မှုက အပ်ကျသံပင် မကြားရလောက်ကိုပင် ဆိတ်ငြိမ်လှသည်။
11:00 PM,
ဆေရုံတွင်း ဖန်စီဒေါက်ဖိနပ် တစ်ရံ ခြေချမှုက "ဒေါက်" ခနဲတစ်ချက်မြည်သွားသည်။
ဖိနပ်ကို ဖွဖွလေးနင်းကာ ဝင်လာသည့် သူမကလည်း အလှနတ်သမီးတစ်ယောက် လှပသည်၊ ကျော့ရှင်းသည် ၊အရိုင်းဆန်သည်။အခန်းရှေ့ ခြေစုံ ချရပ်သည့် သူမ ၊ ဘေးဘက်ကို ဝဲ ကြည့်တော့ ခုံတန်းယား ပေါ်မှာ အိပ်ပျော်နေသည့် သက်တော်စောင့်တစ်ချို့၊ သူမလည်း အခန်းတံခါးကို ဖြေးညှင်းစွာ ဖွင့်ကြည့်တော့ ကုတင်ထပ် ထပ်လျက်အိပ်ပျော်နေသည့် သူမ ချစ်ခင်ရတဲ့ လူတစ်ဦးပြီးတော့ ထိုလူရဲ့ ချစ်ခင်ရသူ။
အခန်းတွင်း မဝင်တော့ဘဲ တံခါးကို အသာပြန်စေ့ခဲ့ ပြီးအသာယာ ပြန်ထွက်လာခဲ့လိုက်သည်။ ထိုနေရာက သူမကိုကြိုဆိုနေသည့် နေရာမဟုတ်၊ ထို့နောက် သူစီးနင်းလာသည့် ပြိုင်ကား အနီနဲ့ပင် ထိုနေရာကနေ သူမ ထွက်ခွာခဲ့သည်။သူမမှာ အတ္တရှိသည်၊ ထိုအရာသည် သူမချစ်ရသူကို ပိုင်ဆိုင်လိုသည့် စိတ်.......
ဒါပေမယ့် သူမအတ္တကသူမကို ငြိုးနွမ်းစေတဲ့ ပင်းပန်းလိုတဲ့အကြောင်းတရားတွေ.....
KAMU SEDANG MEMBACA
The love(အချစ်တို့သည်)🖤(Completed)
Romansaငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022