23🖤

2.6K 174 12
                                    

Unicode.
.
.
.
မဂ်လာဆောင်နေ့🖤

လှပကျော့ရှင်းတဲ့ အဖြူရောင် မဂ်လာဝတ်စုံကိုဝတ်ဆင်ကာ ဆံပင်ကိုလည်း တစ်ဝက်ထုံးတစ်ဝက်ချလေးပြုလုပ်ပြီး ဇာအပါးလေးကိုသရဖူလေးနဲ့ တွဲကာအလှဆင်ထားလေသည်။
မျက်တောင်အတုတပ်စရာမလိုလောက်အောင်ကို ပြန့်ကားနေတဲ့ မျက်တောင်အစစ်တေက စိပ်စိပ်လေးနဲ့ ကော့ကာ လှနေပြန် ပါသေးသည်။ နှုတ်ခမ်းဖူးဖူးလေးကိုလည်း နှင်းဆီရောင် နှုတ်ခမ်းနီလေးဆိုးထား၍ လှပနေပြန်သေးသည်။ မျက်ခွံလေးပေါ်မှာလည်းကာခြယ် ပန်းနုကို ရွှေကြည်လေးတွေနဲ့ စွတ်ကာ ကာခြယ်ကြည်ကြည်လေးက လှပစွာ ပနံသင့်ပြန်ပါသေးသည်။
ဒီနေ့ရဲ့နတ်ဘုရားမလေးက နော်ရယ် ပိုင်ဆိုင်မယ့်သူပါတဲ့။ ဒီအလှလေးကို မိတ်ကပ်ဆရာမက သဘောခွေ့နေလသည်။

အခန်းရှေ့ယောင်လည်လည်လုပ်နေတဲ့ နော်ရယ် ကလည်း ငယ်နဲ့အပြိုင်ချောမောနေတဲ့ ဒီနေ့ရဲ့ နတ်ဘုရားတစ်ပါးအလားပါဘဲ။
အဖြူရောင် suit ဝတ်စုံအပြည့်ကိုမှ ငွေကြည်ရောင် ရှုးဖိနပ်နဲ့တွဲဖက်ကာ ဝတ်ဆင်ထားသည်။
သွယ်လျပြီး v ပုံသဏ္ဍာန်ကျနေတဲ့ မျက်နှာလေးနဲ့ ခန့်ညားစွာသပ်တင်ထားတဲ့ ဆံပင်လေးကရော ပနံသင့်နေပြန်တယ်။
စိတ်လှုပ်ရှားဟန် လက်နှစ်ဖက်ကို ညစ်လိုက်ပွတ်လိုက်လုပ်နေသည့် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကလည်း ဖွေးလွန်းအားကြီး၍ အကြောစိမ်းတွေထောင်နေသည်ထိပင်။

ယောင်လည်လည် ဟိုလျောက်ဒီလျောက်လုပ်နေတဲ့ သူ့ကို အနီးနားကခွေးမရှိ၍ပင်၊ မဟူတ်ရင် ခွေးကိုက်လို့သေနေလောက်ပြီ ဘာလို့လဲဆိုတော့ မျက်စိနောက်နေကျလို့။
မဂ်လာဆောင်ရတဲ့ ခံစားချက်မခံစားဖူးလို့နေမယ် ငိုချင်သလို ရှူးပေါက်ချင်သလိုလိုနဲ့ နော်ရယ် တစ်ယောက်ကိုယ့်ကိုကိုယ် စိတ်လေနေလေသည်။ ဒီအခန်းရှေ့လာရပ်နေတာ ငယ့်ကိုတွေ့ချင်လို့ပါဆို ငယ့်ကိုခုထိမတွေ့ရသေးဘဲ စိတ်လှုပ်ရှားလွန်းလို့ ရှုးကပေါက်ချင်လာပြန်သည်။

'ဂျောက်'ခနဲ ပွင့်သံနှင့်အတူ နော်ရယ် ရဲ့အဖွားနဲ့ ငယ့်မေမေကထွက်လာလေသည်။

"ငယ်ကော"

စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ မေးမိတော့ အဖွားမျက်စောင်းထိုးလေတယ်။ ငယ့်မေမေကတော့ ပြုံး၍ပင် မနိုင်ဟန် ဖွဖွလေးခေါင်းခါရှာတယ်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now