Unicode.
.
.
.
.
.
အဖျားရှိလာတဲ့ ငယ်ကြောင့် နော်ရယ် company ကို မသွားစေတော့ဘဲ အိမ်ပြန်ဖို့တွက် ကားကို ပြန်ကွေ့လိုက်တော့....."ကိုကို ဘယ်ပြန်ကွေ့တာလဲ"
"ငယ့် အိမ်ကိုပြန်သွားမယ်လေ"
ခပ်ရဲရဲဖြစ်နေတဲ့ မျက်နှာလေးကတစ်ကယ်ပင် အဖျားရှိနေလေသည်။ ငယ်က ဖျားရင် ဂျီကျ တတ်သည်တဲ့။"ဟင့်အင်း အိမ်ပြန်ချင်ဘူး ကိုကိုနဲ့ဘဲနေချင်တာ ဟင့်"
ဟော စပြီးဂျီပါတော့မည်။
မထွက်သေးတဲ့ မျက်ရည်ကို ညစ်ထုတ်တာ အသံသေးသေးလေးနဲ့ စဂျီပါတယ်။ ငယ့်ကတော့လေ ကိုကို့ကို အချစ်တွေ ပိုတိုးအောင်လုပ်နေတော့တာဘဲ...။
"ဟုတ်ပြီ ဟုတ်ပြီ အဲ့ဆို ကိုကို အိမ်မပြန်တော့ဘူးနော်""ဟုတ်"
နော်ရယ် လည်း မျက်လုံးလေးမှိတ်ကာ မှိန်းနေတဲ့ ငယ့်ကို အနားယူစေကာ company ကိုသာမောင်းလာခဲ့လိုက်သည်။
Company ရောက်......
Company ရောက်တော့ ငယ်က အဖျားရှိန်ကြောင့် အိပ်နေလေသည်။ ကြည့်ရတာ မနေ့ညက စိတ်လှုပ်ရှားကာ ဖျားသွားတာနေမယ်။အိပ်နေတဲ့ ငယ့်ကိုမနှိုးတော့ဘဲ ပွေ့ချီကာ company ထဲဝင်လာခဲ့လိုက်သည်။
ဝန်ထမ်းတွေနဲ့ တစ်ချို့သော လူတွေကို ကြည့်ကာ တီးတိုးပြောနေပေမယ့် နော်ရယ် ထိုလူတွေကို ဂရုမစိုက်စွာ ငယ့်ကိုယ်လေးကို ပွေ့ပြီး ရုံးခန်းကို ဓာတ်လှေကားကနေတစ်ဆင့်တက်လာလိုက်သည်။
နော်ရယ် company က အိမ်ထောင် ပရိဘောဂ တွေ အဓိက ထုတ်လုပ်သည့် company ပင်ဖြစ်သည်။ အထပ်ထပ်တိုင်းမှာ အသီးသီးသော တာဝန်ဋ္ဌာနတွေရှိသလို ဝန်ထမ်းတွေလည်းရှိ၏ ။ အောက်ဆုံးထပ်က ဝန်ထမ်းတစ်ချို့ကို ခေါ်ယူကာ တွေ့ဆုံးပြီး interview သည့်နေရာပင် ပထမထပ်ကတော့ ဒီဇိုင်းရေးဆွဲတဲ့ ဋ္ဌာနဖြစ်ကာ ဒုတိယထပ်ကတော့ ပြန်လည်စီစစ်တဲ့ဋ္ဌာနဖြစ်သည်။
တတိယထပ်ဖြစ်တဲ့ နောက်ဆုံးထပ်ကတော့ နော်ရယ် ရုံးခန်းရယ် meeting ခန်းရယ် အဓိကရှိသည့်နေရာပင်ရှယ်ယာရှင်တစ်ချို့လည်း ရှိတတ်သည်။ အထပ်ထပ်တိုင်းက ကျယ်လွန်းပေမယ့် တစ်ထပ်မှာ ဋ္ဌာန တစ်ခုသာ ဦးစီးစေသည်။ နော်ရယ်က တိတ်ဆိတ်မှုကိုသာ နှစ်သက်သည်ကြောင့် companyကလူတွေသည် ကိုယ့်အလုပ်ကိုယ်စီလုပ်ကာ စကားပြောချိန်ဆိုတာမရကျပေ။
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022