Unicode
.
.
ကိုယ် warning လေးပေးလိုပါတယ်။
မိန်ကလေးချင်းရဲ့ sexလေးဖြစ်တာကြောင့်သဘောကျတယ်ဆိုမှဖတ်ပေးပါ။
အသုံးနှုန်းကိုရိုင်းစွာမသုံးပါဘူးရှင်။
.
.
.
.
နော်ရယ် ငယ်နဲ့အတူအိပ်စက်ရမည်ကို ရင်ခုန်ကာ စိတ်လှုပ်ရှားနေမိတယ်။
အိပ်ချိန်နီးလာလေ စိတ်တို့က လှုပ်ရှားမှုပိုမိုမြင့်တက်လာလေတယ်။"ငယ် လမ်းလျောက်တာကြာပြီ မညောင်းသေးဘူးလား"
ကိုကိုအသံကြားလာသည်နှင့်အမျှ အိမ့်ရင်ခုန်နှုန်းလည်း ဆောက်တည်ရာမရဖြစ်နေလေတယ်။
ကိုကိုရေ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရောဂါရတော့မယ်လို့သာအော်ပြောလိုက်ချင်တယ်။"နည်းနည်းတော့ညောင်းတယ် ဟီး"
ဟီး ခနဲရယ်ပြနေတဲ့ ငယ် လက်ဖျားတွေအေးစက်ကာ မျက်ဝန်းတို့ကလည်းစိတ်လှုပ်ရှားနေလေတယ်။ နော်ရယ်သည် သူတင်မက ငယ်ပါစိတ်လှုပ်ရှားနေတာသိလိုက်ရတဲ့အခါ ကျေနပ်ပြုံး ပြုံးလိုက်တယ်။
ထို့နောက် ငယ့် ကျောဖက်ကိုလက်နဲ့ထိန်းကာ ဒူးအောက်က နေပွေ့ချီလိုက်တော့ ပြုတ်ကျမည် အထင်နဲ့ ငယ်ဟာ သူ့လည်ပင်းတို့ကို တင်းနေအောင်ဖက်လေတယ်။"ကိုကို ကလည်း မပြောဘူး လန့်သွားတာဘဲ"
အိမ့်ရင်ခုန်လွန်းလို့ စကားတစ်ခွန်းနဲ့တစ်ခွန်းကို အားယူပြီးပြောနေရတယ်။"လန့်သွားအောင်လုပ်တာဘဲလေ ငယ်ရာ"
"ဟာ...ကိုကိုစုတ်"
ငယ်က သူချီလိုက်သည်လို့ လန့်သွားသည့်သဘောပြောကာ နှုတ်ခမ်းတို့က ပွစိပွစိရွတ်နေပြန်လေတယ်။
ငယ့်ကိုပွေ့ထားရင်း အိမ်ထဲဝင်လာကာတစ်ဖြည်းဖြည်း အိပ်ခန်းဘက်ကိုလျောက်လာလိုက်တယ်။"နှုတ်ခမ်းလေးဆူပြီး ကိုကို့ကို အသဲယားအောင်လုပ်ပြနေတာလားငယ်"
"မ မဟုတ်ပါဘူး ချ ချပေးတော့ ဟွန့်"
နော်ရယ် ငယ့် နားလေးဆီကပ်ကာ
"မွေ့ယာပေါ်ရောက်ရင် သေချာပေါက်ချပေးမယ်"ဂါး ဒီလူကြီး အရင်ကစကားနည်းသလောက် အခုမဟုတ်တော့ပါလား။
"မရဘူး ခု ခုချပေး ငယ့်ကို"
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022