31🖤

2K 164 12
                                    

Unicode.
.
.
.
.
.
သူမရှေ့တွင်ထိုင်နေသော အသာဖြူဖြူ ဗိုက်လုံးလုံးနဲ့ကောင်မလေး တစ်နည်းအားဖြင့် သူမ ၏ချွေးမဆိုသူပေါ့။ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာခြင်းကို သူမ အံ့သြမနေပေမယ့် သူမကို ခါးခါးသီးသီးဖြစ်နေတဲ့ သူမ၏ သမီး မဟုတ်ဘူး သား သူမ၏သားဖြစ်သူ လိုက်ပါလာသည်ကိုတော့အံ့သြမိသည်။
သူမ (ဆန်ဒီးယားစ် =​နော်ရယ်အမေ)

"ကဲ အိမ်ကိုရောက်သည်ထိလာရခြင်းကိုပြော"

မိမိရှေ့တွင်ထိုင်နေသော ကိုကို့၏အမေဖြစ်သူက ချောမောလှပပြီး၊ မောက်မာသည် ဆိုတဲ့ ဂုဏ်နဲ့လိုက်ဖက်အောင်ကို အသံသြဇာကအစပြည့်စုံလေသည်။
စူးရဲခက်ထန်တဲ့ မျက်ဝန်းတွေ ထူထဲတဲ့ မျက်ခုံးတွေနဲ့ လိုက်ဖက်ညီစွာ ရဲရဲနီနေတဲ့နှုတ်ခမ်းတွေကနေထွက်ပေါ်လာတဲ့ လေသံဟာ မာန်အပြည့်ပါသည်။
ကျွန်းထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးက ခြေတစ်ဖက်ကိုချိတ်ထားကာ မိမိကိုစူးစူးရဲရဲစိုက်ကြည့်နေလျှင် ကြောက်ဒူးတွေတုန်လာကာ ချွေးစေးတွေထွက်လာသည်ထိပင်။

"မိန်းမလေး စိတ်အေးအေးထားနော် ၊ ကြောက်စရာမလိုဘူး ကိုယ်ရှိတယ်"

လက်ကိုဖျစ်ညစ်ကာ အားပေးစကားဆိုလာသည့် မိမိယောကျာ်းဖြစ်သူကိုပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။

သူမ ကိုဂရုမစိုက်ဘဲ သူမိန်းမကိုသာချော့မော့နေသည့် သားဖြစ်သူကို စိတ်ပျက်စွာကြည့်ရင်း မျက်နှာလွှဲပစ်လိုက်သည်။
အဲ့ဒီ နူးညံ့ချိုသာစွာထွက်လာတဲ့ပါးစပ်ပေါက်လေးက သူမကိုတော့ ခုထိ အမေလို့မခေါ်လာသေး။

"မေ....မေမေ"

ဒိန်းခနဲ သွေးတွေဆောင့်တက်လာသလို၊ ကျွန်းထိုင်ခုံလက်ရန်းပေါ်တင်ထားတဲ့လက်တို့ တင်းကျပ်အောင်ဆုပ်ကိုင်လိုက်မိသည်။
သူမ နားကြားမမှားရင် ဒါက သူမ ချွေးမဘက်ကခေါ်လိုက်သည့်အသံပင်။
မဂ်လာဆောင်မှာသောင်းကျန်းပြီးကတည်းက သူမ ထပ်ပြီးသွားမတွေ့ဖြစ်ခဲ့တာ နှစ်ချီခဲ့ပြီ ။

"မေမေ ကျေဇူးပြုပြီး သမီးနဲ့မမွေးသေးတဲ့ကလေးကို မေမေဘက်ကလက်ခံပေးနိုင်မလားဟင်"

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now