Unicode.
.
.
.
အချိန်တွေ တစ်ရွေ့ရွေ့နဲ့ လည်ပတ်နေခဲ့တယ်။ တစ်ရက် တစ်ည လွယ်လင့်တစ်ကူ ကုန်ဆုံးသွားပြီးရင် တစ်မနက်ခင်း လှပစွာရောက်ရှိလာပြန်တယ်။ေနရောင်ခြည်တွေနဲ့လှပစွာ ပွင့်လင်းလာတဲ့မနက်ခင်း တစ်ခု တဖြည်းဖြည်းနဲ့အေးစ ပြုလာတာကြောင့် နေရောင်ခြည်တွေကြားမှာ မှုန်ဝါးဝါး အရိပ်ငွေ့လေးတွေကို မြင်တွေ့နေရတယ်။ နွေအကူး နဲ့ ဆောင်းကြားကိုရောက်လာတဲ့ အချိန် ပူပြင်းလှတဲ့ မြန်မာပြည် ကြီးကအေးစက်စက်နဲ့ နှင်း တွေမကြာခင် ဖုံးလွှမ်းလာတော့မည်။
အိမ့် ရဲ့ အိပ်ခန်းမှာ မှန်တံခါးတပ်ထားတာကြောင့် အလင်းရောင်ဟာ ထိုးဖောက်လာသည်။ မှန်တံခါးအပေါ်မှာ လိုက် ကာအဖြူရောင်တပ်ထားတာကြောင့် မိုးလင်းလို့ နေရောင်ခြည် တွေက မမြင်ချင်မှ အဆုံးမြင်တွေ့ရတယ်။ အအိပ်မက်တဲ့ အိမ့်အတွက် ညတာ တိုလွန်းတဲ့ နွေရာသီနဲ့မကိုက်ပေ ညတာရှည်တဲ့ ဆောင်းရာသီနဲ့တာ ကိုက်သည်။ အလင်းရောင်ဟာ မျက်နှာတစ်ပြင် ထိုးဖောက်လာတာကြောင့် စောင်ကို ခေါင်းထိ ဆွဲခြုံကာ ခေါင်းမြီးခြုံ အိပ်လိုက်တယ်။ သို့ပေမယ့် အချိန်ကိုက် နိုးတဲ့ နိုး စက်ကတော့ ၈နာရီ ဆိုတာနဲ့ ကလင် ကလင်မြည်တာကြောင့် အိပ် မထချင်ထချင်နဲ့ ထရတယ်။
အိပ်ယာကနေ အမြန်ထပြီး ရေချိုး ခန်းထဲမှာ သွားတိုက်ရင်းမျက်လုံးတွေမှိတ်ကာ နေလိုက်တယ်။ ဆောင်းရာသီက စိတ်ကူးယဥ်လို့ကောင်းတယ် တဲ့ ဒါပေမယ့် အိမ့်ကတော့ စိတ်ကူးယဥ်စရာ မလိုပေ မလိုလောက်အောင် အိမ့်ကိုချစ်ပေးတဲ့ ကိုကိုရှိတယ်လေ။ အိမ့်နဲ့ ကိုကိုနဲ့အဆင်ပြေနေတာ နှစ်လလောက်ရှိတော့မည်။ ကိုကိုက အိမ့်နဲ့ အတူတူ တစ်အိမ်ထဲ နေချင်တယ်တဲ့ အိမ့်လည်း နေချင်ပါတယ် သို့ပေမယ် မေမေတစ်ယောက်တည်းစိတ်မချတာကြောင့် ကိုကိုရဲ့ ဆန္ဒ တွေကို ငြင်းလိုက်ရတယ်။ကိုကိုရဲ့အတွင်းရေးမှူး ဖြစ်ကတည်းက အိမ့်ဟာ ဘာမှလုပ်စရာမလိုသလောက်တောင် ဖြစ်နေတယိ။ တစ်နေ့နေ့ စားလိုက် ဖုန်းကြည့်လိုက်နဲ့ ထိန်းထားတဲ့ ဝိတ်တောင်အနညိးငယ် တက်ချင်လာတာကြောင့် အိမ့်အစားလျော့နေရတယ်။ ကိုကိုက ပြောပါတယ် ဝက်ကလေးဖြစ်တော့သူတစ်ယောက်ထဲ ချစ်လို့ရတာပေါ့တဲ့ ဟွန့် သူများကိုကျ ဝက်ကလေးဖြစ်စေချင်တယ် တခြားသူတွေနဲ့သဝန်တိုစရာမလိုတော့ဘူးပေါ့တဲ့ ။ သူကျတော့ ချောလိုက်တာဖြင့်လွန်ရော ဘယ်လိုနေနေကိုချောနေတာ သူ့ကိုစိတ်ချမယ်များထင်နေလာမသိ။ ဟွန့် ကိုကိုစုတ်။
အချိန်လဲမစောတော့တာကြောင့် ရေပါချိုးခဲ့လိုက်တယ်။
ထို့နောက် အဝတ်စားလဲ ရန် အဝတ်ဗီဒိုနားရောက်လာခဲ့တယ်။ ကိုကို ကပြောတယ် ငယ်က မြန်မာဝတ်စုံနဲ့ သိပ်လိုက်တာတဲ့။
ထို့နောက် အပြာနု ရောင် ဇာဝမ်းဆက်လေးကို ဝတ်ကာ အပြာ ရောင် လည်သာ အကျီလက်ရှည်ကို တစ်ဆင့်ဝတ်လိုက်တယ်။ ပြီးနောက် မိက်ကပ်လေး နဲနဲပါးပါးလိမ်းကာ နှုတ်ခမ်းနီ အဆီရောင်လေးဆိုးပြီး သနပ်ခါးကိုပါးပြင်ထပ်မှာ ပါးကွက်လေးကွပ်လိုက်တယ်။
အင်း ဒီလောက်ဆိုရပြီ။
ပိုက်ဆံအိတ်လေး ကိုလွယ်ကာ ထမင်းခန်းစားဖို့မေ့မေ့ဆီ လာလိုက်တယ်။
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022