14🖤

3K 154 11
                                    

Unicode.
.
.
.
.
ကိုကို အကျီအပွကိုသာဝတ်ဆက်ထားတာကြောင့် နေသာထိုင်သာမရှိလှပေ အိမ်ရောက်လို့ မေမေက မေးရင်ဘယ်လိုဖြေရမလဲလို့သာ စဥ်းစားနေတယ်။ ကိုကိုကြည့်လိုက်တော့လဲ အေးဆေးလေးကားမောင်းနေတယ်။  စီယာဒိုင်ကို ဆုပ်ကိုင်ထားတဲ့ ကိုကိုလက်ချောင်းသွယ်သွယ်လေးတွေကိုကြည့်ကာ ညကအဖြစ်ပျက်ကိုပြန်တွေးရင်း တစ်ယောက်ထဲ ရှက်နေမိပြန် ​တယ်။ ကိုကို အသားက အိမ့်လောက်မဖြူပေမယ့် သွေးကြောစိမ်းစိမ်းလေးတွေ ထင်းကာ  ထောင်နေတာကို ထင်ရှားစွာမြင်ရလေတယ်။ ထိုသွေးကြောတွေနဲ့ သွယ်ယှက်ကာ ဖြစ်တည်လာတဲ့ ကိုကိုလက်ချောင်းသွယ်သွယ်လေးတွေကို အိမ့်သိပ်မြတ်နိုးမိတယ်။
ကိုကို့ကိုစိုက်ကြည့်နေတာ ဘယ်လောက်ကြာလဲ မသိ လိုက်ပေ။

"ငယ် ငယ် ကိုကို့ကိုကြည့်လှချည်လား"

"ဟင် အာ "
ကိုကိုစကားကြောင့် အရှက်ပြေ မျက်နှာလွဲလိုက်မိတယ်။ ကိုကို အစိတ်ပိုင်းတွေတစ်ခုဆီက ​ငယ်ကြည့်ချင်နေအောင် ဆွဲဆောင် နေတာကိုးလို့ တော့ မပြောဖြစ်တော့။ ဘာလို့လဲမမေးနဲ့ ရှက်လို့။

"ငယ် ကိုကို့ကိုသဘောကျလား"

လူကိုတောင် စားပြီးပြီးခုမှ သဘောကျလားမေးတုန်း။  ဟွန်း။

"ဟော အဲ့နှုတ်ခမ်းလေးက ဘာလို့ဆူလာတာတုန်း"

"မဆူပါဘူး"

"အဲ့ဆို ထော်လာတာလား"

"ဟာ ကိုကိုနော်"

"ဟုတ်ပြီ ကိုကိုမစတော့ဘူး ကိုကိုမေးတာဖြေ"

"အရမ်း အရမ်းကိုသဘောကျပါတယ်ရှင့်"
အိမ့်လည်း ကိုကိုအမေးကို ခပ်ရွဲ့ရွဲ့လေးပြန်ဖြေလိုက်တယ်။သဘောကျလွန်းလို့ တစ်ပိုင်းသေနေတာကိုသိရဲ့နဲ့။

ခပ်စောင်းစောင်းလေးဖြေလာတဲ့ ငယ့်လေသံကြောင့် နော်ရယ် ရယ်ချင်သွားတယ်။ ငယ်က တစ်ကယ့်ကို ချစ်စရာ ကောင်းတာ။
လမ်းဘက်ကိုလှည့်သွားတဲ့ငယ့်ကြောင့် နော်ရယ် ဆက်မစဖြစ်တော့။

အချိနိကြာရှည်စွာနဲ့ တစ်ရွေ့ရွေ့သွားနေတဲ့ ကားလေးကြောင့် ကိုကို အိမ်ဟာ အလွန်းဝေးမှန်း အိမ့်ခန့်မှန်းမိလိုက်တယ်။ တစ်ဆက်ထဲမှာဘဲ ကားမောင်း ရတာ ဘယ်လောက်ပင်ပန်းနေလိုက်မလဲ တွေးကာ စိုးရိမ်ရပြန်တယ်။ ကိုကို့ကို compnay နားက condo မှာ နေဖို့ အိမ့် ပြောရတော့မယ်။ အိမ်တော်ကြီးမှာ ကိုကိုဟာ ဟိုမမ နဲ့ အတူနေမှာ ကိုအိမ့်မလိုလားတာလည်းပါတယ်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now