6🖤

2.7K 170 0
                                    

Unicode.
.
.
.
1.4.2015
ကျောင်းဖွင့်တာ တစ်လပြည့်ခဲ့ပြီ

ငယ့်တွက်အမှတ်တရတွေကလည်း တစ်လတာဘဲရှိခဲ့တယ်။
ကိုကို ကခုဆိုငယ့်နားမှာမရှိနေခဲ့တာ တစ်နာရီပြည့်သွားပြီ။
ရက်စက်တယ်လို့ဘဲဆိုရမလားကိုကိုရေ မနှုတ်ဆက်ပါဘဲ ငယ့်ဆီကနေထွက်ခွာသွားတယ်။ စာလေးတစ်စောင်ထဲနဲ့ထားရစ်ခဲ့တယ် ကိုကိုရယ်။
📝
      ငယ် စာကိုကြိုးစားပါ ပြီးတော့ ငယ်ချစ်တဲ့ကိုကို့ ကိုစောင့်နေပေးပါ ။📝
တိုတိုလေးပါဘဲ ကိုကိုရယ် ဒီစာလေးနဲ့လက်ပတ်လေးရယ် နှစ်ယောက်တွဲ ဓာတ်ပုံလေးရယ် အမှတ်တရဆို ဒါလေးပါဘဲကိုကို။
နားခိုခဲ့ဖူးတဲ့ ကိုကို့ရင်ခွင်ကြီးကိုတော့ငယ်တစ်ကယ်လွမ်းနေတော့မယ်။ ကိုကို့စကားအတိုင်း ကိုကို့ကို ချစ်လို့ ငယ်စာကိုကြိုးစားပါ့မယ်။
ကိုကိုအခန်းကိုကြည့်ကာ အိမ့် ဘယ်တော့မှ ဒီအခန်းကိုပြန်မလာဖို့တွေးလိုက်တယ်။ အလွမ်းတွေရယ် ကျေးဇူးပြု၍ ဒီအခန်းထဲမှာဘဲ ပိတ်ထားရစ်ခဲ့ပရစေ။

1.4.2015

မြန်မာပြည်ရဲ့ လေဆိပ်တစ်နေရာမှာ All black ကိုခန့်ညားစွာဝတ်ဆင်ထားတဲ့လူတစ်ယောက် မျက်နှာက ခက်ထန်နေပေမယ့် မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းနေတယ်။

"သခင် လေယာဥ်ထွက်ခွာတော့မယ်"

"ခမ်း ကျွန်တော်ပြောတာမမေ့ပါနဲ့"

"ဟုတ်ကဲ့ သခင်"

အရိုသေ ပေးနေတဲ့ ခမ်းကိုတစ်ချက်ကြည့်ကာ လေယာဥ်ပေါ်တက်လာလိုက်ခဲ့တယ်။

လေယာဥ်တက်သွားတဲ့ သခင်ကိုကြည့်ကာ ခမ်းတွေးမိလိုက်တယ်။
သခင်ကကောင်မလေးတစ်ယောက်ကို စောင့်ကြည့်ပြီးသတင်းပို့ခိုင်းတယ်။
သခင်မြန်မာပြည်လာတာ တစ်လပါဘဲ တစ်လအတွင်းဘဲ ထိုကောင်မလေးက သခင့်တွက်အရေးကြီးသွားတယ်။
ကောင်မလေး မင်းပတ်သတ်မိတဲ့လူဟာဘယ်သူလဲဆိုတာမှသိပါလေစွ။

ခေါင်းအသာရမ်းကာ ခမ်းလည်း အိမ်တော်ကြီးကိုပြန်လာခဲ့လိုက်တယ်။

လေယာဥ်ပေါ်တက်ကာ ထိုင်နေတဲ့နော်ရယ်ဟာ လူကသာလေယာဥ်ပေါ်ရှိနေပေမယ့် စိတ်တွေက ငယ့်ဆီကိုသာ ရောက်နေခဲ့တယ်။ စာလေးတစ်စောင်ထဲကြောင့် ငယ်က သူ့ကိုစောင့်နေပါ့မလား ဘာမှမပြောဘဲထွက်သွားခဲ့ငယ်ငိုနေမလား စိတ်ကောဆိုးနေမလား ။
တောင်းပန်ပါတယ် ငယ်ရယ်။
ထို့နောက်လေယာဥ်မယ်ရဲ့ အော်သံအဆုံးလေယာဥ်ဟာ စတင်ထွက်ခွာလာခဲ့တော့တယ်။
.
.
အဂ်လန်ရဲ လေဆိပ်

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now