Unicode.
.
.
.
.
ညနေ၃နာရီကနေ စာကျက်ချိန်ဟာ စခဲ့တယ်။
ကျောင်းသူ ကျောင်းသားတွေရဲ့ စာကျက်သံတွေ တစ်ယောက်တစ်ပေါက်နဲ့ စကားသံတွေဟာရောထွေးနေတယ်။ နော်ရယ် လည်း မှတ်သားထားတဲ့ စာတစ်ချို့ကိုသာ ပြန်ကြည့်နေလိုက်တယ်။ သူငယ့်ကိုဘဲ ထိုင်မကြည့်နေတော့ပါ သူဟာ ငယ့်ပေါ်တစ်အား တိမ်းညွှတ်နေတာကို ငယ်မသိစေလို။ ငယ် ကိုယ် ငယ့်ကိုချစ်မချစ်မသိသေးဘူးငယ် ကိုယ်ဆန်းစစ်ရဦးမယ်။
စာအုပ်ကိုသာကြည့်နေတဲ့ နော်ရယ်ဟာအတွေးတွေပျံလွင့်နေတယ်။ သူငယ့်ကိုချစ်မချစ်ဆိုတဲ့အတွေးပေါ့။"နော်ရယ် နော်ရယ်"
အတွေးလွန်နေတဲ့ နော်ရယ် ငယ်အသံကြောင့် စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်ခဲ့ချေပြီ။
"အင်းငယ်""ဟိူလေ အိမ့် Toilet သွားမလို့ အဲ့ဒါ"
"ကိုယ်လိုက်ပေးရမလား"
"မဟုတ်ဘူး အိမ့်ကိုလမ်းလေးဖယ်ပေးပါလားလို့ ပြောမလ်ို့"
နော်ရယ် ငယ့်ရဲ့ ရှက်ရဲရဲဖြစ်တဲ့ မျက်နှာလေးကို သဘောကျမိပြန်တယ်။နော်ရယ် ခုံသည် ငယ့်ခုံကိုပိတ်ထားတာကြောင့် နော်ရယ် သိလိုက်တယ်။ ငယ်တော့ ဆီးအောင့်တော့မာဘဲကွာ ကျစ်။ ငယ် မင်းကို ကိုယ်စိတ်ပူတတ်နေပြီ။
နော်ရယ် လျင်မြန်စွာ ထကာ ခုံနေရာဖယ်ပေးလိုက်သည်။"ဖြည်းဖြည်း ငယ်"
"ဟုတ်"
ငယ်သည် သူကို ဟုတ်လို့ဖြေကာ အရှေ့နှစ်တန်းလောက်က ကောင်မလေး နှစ်ယောက်နဲ့ စကားပြောနေတယ်။
"နှင်း နဲ့ ဂျူလိုင် အိမ့် Toilet သွားချင်တယ် လိုက်ကူကျဦး"
"အင်း သွားရအောင်လေ"
အိမ့်သူငယ်ချင်းတွေဆိုတာ အဲ့လိုတွေပင် အိမ့်ဘာလုပ်ချင်လုပ်ချင် နှစ်ခွန်းပြောစရာမလို။အိမ့်သူငယ်ချင်းနှစ်ယောက်နဲ့ အတူ Toilet ကိုတက်နိုင်သမျှမြန်မြန်လျောက်ကာသွားလိုက်တယ်။ ကိုကိုတစ်ယောက် ထဲ အခန်းထဲမှာ သူစိတ်မချနိုင်ပါ။
(ဪ🙂)
နော်ရယ် ငယ် ငါ့သူငယ်ချင်း နှစ်ယောက်နဲ့ ထွက်သွားတာကို အဆုံးထိ ကြည့်လိုက်ပြီး အိပ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကိုထုတ်ကာ ခမ်းကို ဆက်လိုက်တယ်။
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022