9🖤

2.8K 171 0
                                    

Unicode.
.
.
.
ရုံးရောက်သော်

ငယ့်အိမ်ကနေထွက်လာပြီးကတည်းက ငယ့်ဟာ နော်ရယ်ကို စကားမပြောပေ။
*ငယ်စိတ်ဆိုးပြီထင်ပါတယ်*
ကားပေါ်ကဆင်းတော့မယ့်ငယ်ကြောင့် ကားတံခါးကိုနော်ရယ် လော့ခ် ချလိုက်တယ်။

"ကိုကို တံခါးဖွင့် ပေး"

"စိတ်ဆိုးနေလား"

"မဆိုးဘူး "

"ငယ် ကိုကို မချော့တတ်ဘူး စိတ်ဆိုးရင် ဆိုးတယ်ပြောပါ"

"မချော့တတ် မချော့နဲ့ပေါ့ ဘယ်သူကအတင်းချော့ခိုင်းနေလို့လဲ"

နှုတ်ခမ်းလေးထော်ကာ ပွစိပွစ်ိရွတ်နေပြန်တယ်။
ငယ့်ကိုယ်လေးကို နော်ရယ် ဆွဲပွေ့ကာ ပေါင်ပေါ်တင်ထားလိုက်တယ်။

"အ ကို ကိုကို ဘာ ဘာလုပ်တာလဲ"

မျက်လုံးလေးတောင်ရွေ့မြောက်ရွေ့နဲ့ ငယ်ဟာ သူ့အကြည့်တွေကိုရှောင်နေတယိ။

အိမ့်ဟာ ကိုကို့ ကိုစိတ်ထဲမှာအပစ်တင်ကာ ရေရွတ်နေစဥ် ကိုကိုကရုတ်တရက်ဆွဲပွေ့တာကြောင့် အိမ့်ကိုကိုပေါင်ပေါ်ထိုင်လျက်သားဖြစ်သွားတာ တော်သေးတယ်ဆိုရမယ်။ ဒီနေ့ အိမ့်ဟာ ရုံးဝတ်စုံမဝတ်ခဲ့တာပင်။ ရုံးကလည်းရုံးဝတ်စုံမဝတ်လို့အိမ့်ကိုဘာမှမပြောကျပေ။
ရုံးဝတ်စုံဆိုတဲ့အတိုင်း အနက်ရောင် စကပ်တိုကို အဖြူလည်ဟိုက်အကျီလေးနဲ့တွဲဝတ်ရခြင်းပင် အိမ့်ဟာ ဘယ်တုံးခါမှ စကပ်တိုသိပ်မဝတ်တာကြောင့် တစ်ခါတစ်လေ အရေးကြီးမှသာစကပ်ကိုဝတ်လေ့ရှိသည်။ဒီနေ့ အိမ့်ဟာ အဖြူရောင် ဇာဝမ်းဆက်လေးကို လှပစွာဝတ်ဆင်ထားသည်။ မြန်မာဆန်တာကိုနှစ်သက်တာကြောင့် အိမ့်မှာ မြန်မာဝတ်စုံတွေသာရှိပြီး ေခတ်ဆန်တဲ့ အတိုအပျက်တွေဆိုတာသိပ်မရှိပေ။

"ငယ်စိတ်ဆိုးနေလို့လေ ကိုကိုကချော့မလို့"

"အာ မ မဆိုးပါဘူးဆိုနေ"

နှုတ်ခမ်းနီပန်းဆီရောင်လေးဆိုးထားတဲ့ငယ်နှုတ်ခမ်းလေးက နမ်းချစ်စရာကောင်းလောင်အောင် နော်ရယိကိုဆွဲဆောင်နေတယ်။
အတွေးထပ်အလုပ်မြန်သလို နမ်းချင်တယ်လို့တွေးတုနိးပင် လူကအလိုလိုနမ်းမိသွားတယိ။

The love(အချစ်တို့သည်)🖤(Completed)Tempat cerita menjadi hidup. Temukan sekarang