Part-30🖤

2.3K 153 15
                                    

Unicode.
.
.
.
.
ရက်တွေ၊ လတွေ က အချိန်ကိုတိုက်စားသမျှ တစ်ရစ်တစ်ရစ်နဲ့ဘဲ အိမ့်ကိုယ်ဝန်က ရင့်မာလာသည်။ ခုဆိုရင် ကိုယ်ဝန်ဟာ 6လထဲထိတောင်ရောက်လာခဲ့လေပြီ။
အဂ်လန်မှာဘဲ ဆက်နေဖို့စီစဥ်ထားတာကြောင့် မြန်မာပြည်ကိုမပြန်ဖြစ်ပေမယ့် နှင်း၊ ဂျူလိုင်ကတော့ မွေးဖွားခါနီးမှလာမည်လို့ ပြောပြီး အစောပိုင်းထဲကပြန်သွားခဲ့ချေပြီ။
မေမေဟာလည်း တိုင်းတပါးမှာထပ်မြန်မာပြည်ကိုပိုနှစ်သက်တယ်ဆိုတာကြောင့် လွန်ခဲ့တဲ့ သုံးလလောက်ပြန်သွားခဲ့လေသည်။ အိမ့်လည်းပြန်ချင်ပေမယ့် ကိုယ်ဝန်ကို ထိခိုက်မှစိုး၍ဘယ်ကိုမှမသွားဖြစ်သလို၊ ပြန်လဲမပြန်ဖြစ်ခဲ့။

ကုန်လွန်ခဲ့တဲလတွေမှာ ပြဿနာတစ်ချို့အတော်အသင့်ဖြစ်ပျက်သွားခဲ့သည်။ အကြောင်းမှာတော့ သူငယ်ချင်မလေးနှစ်ယောက်ရဲ့ အချစ်ရေးပေါ့။ အိမ့်ရဲသူငယ်ချင်းမလေးတွေက ဘာလို့များ သးမယောကျာ်းရဲ့သူငယ်ချင်းတွေအပေါ်မနှစ်ခြိုက်ကျတာပါလိမ့်၊ သူမ တွေးမရခဲ့ပါချေ။ ပြောရရင် ကိုယ့်ယောကျာ်းအကြောင်းဘဲကိုယ်အသိမလို့ သူများအချစ်ရေးလဲဝင်မစွက်ဖက်ချင်တာကြောင့် အဆင်ပြေသလိုဘဲလွှတ်ထားခဲ့မိလိုက်သည်။

ဘယ်လိုအချစ်မျိုးမဆိုပေါ့၊ဖူးစာဖက်မှန်ရင် ဘယ်လိုမှရှောင်လွှဲလို့မရပါဘူး၊ နီးနိးဝေးဝေး ကိုယ့်ပြည်သားဖြစ်ဖြစ် တိုင်းတပါးသားဘဲ ဖြစ်ဖြစ်ပေါ့၊ ဖူးစားနဲ့ကံပါဘဲ!

"ယောကျာ်းရေ"

ခုဆိုရင် သူမတိူ့တစ်အိမ်လုံးဟာ အမွှေနုအခင်းတွေနဲ့ ပျော့စိစိအခင်းပျော့တွေတစ်အိမ်လုံးအပြည့်ခင်းထားပြီဖြစ်သည်။ ကိုယ်ဝန်စရင့်လာထဲက ကိုကိုက အပေါ်ထပ်ကိုလုံးဝမတက်စေဘဲ အောက်ထပ်မှာဘဲ အခန်းကိုစီစဥ်ပေးထားလေသည်။ ခုဆိုရင် ဘာစားရင်လဲ ကိုကိုကစားဖိုမှူးလုပ်ကာချက်ကျွေးလေသည်၊ ဘာလုပ်ချင်လဲ ကိုကိုနဲဖွားကတိုင်ပင်ပြီးဖြည့်ဆည်းပေးလေသည်။
ဒီဘဝမှာတော့ တစ်ကယ်ဘဲသူဟာ ကံကောင်းခဲ့ပြီလို့သတ်မှတ်လိုက်လို့ရပြီမလား.......!

"ပြောပါဗျ သခင်မလေးခင်ဗျ"

"ခစ် ခစ် ယောကျာ်ကလဲ မိန်းမဗိုက်ထဲက ကလေးလေးကလေ ရေဘဝဲထောင်းကိုစပ်စပ်လေးစားချင်နေတာတဲ့"

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now