Extra-2🖤

2.3K 127 4
                                    

Unicode
.
.
.
.
ဖြည်းဖြည်းလေးမောင်းနေတဲ့ကား ရဲ့အရှေ့ကနေ john ကကားကိုတစ်စောင်းအနေထားနဲ့ပိတ်ရပ်လိုက်၏။
အရှိန်ညင်းညင်းသာမောင်းနေတာကြောင့်အရှေ့ကားကိုမြင်တဲ့ခါ ဂျူလိုင်က ဘရိတ်ကိုအုပ်လိုက်သည်။
ဘယ်လိုလူလဲ သေချင်နေတာလားဘဲ။
စိတ်တိုတိုနဲ့ ဂျူလိုင် ကားပေါ်ကနေဒယိမ်းဒယိုင်ဆင်းကာ အရှေ့ကားမှန်ကလူဆီ တံခါးခေါက်ကာထွက်လာခိုင်းလိုက်သည်။

ယိုင်တိုင်တိုင်နဲ့ john ဆီလျောက်လာတဲ့အမျိုးသမီးငယ်ကိုကြည့်ကာ john ရဲ့ရင်ခုန်နှုန်းကမြှင့်လာတယ်။ ယမကာရဲ့ ဆိုးကျိုးကသူ့ကိုပို၍စိတ်ရိုင်းတွေကိုနှိုးဆော်ပေးနေလေသည်။ ဘာလို့ဆို သူချစ်ရတဲ့အမျိုးသမီးလေးက ဒီနေ့ sexy ဆန်ဆန်ဝတ်စားထားတာကြောင့်ပင်၊တစ်ကိုင်းကြိုးပွဲတက်ဂါဝန် ခရမ်းပုတ်ရောင်နဲ့ လိုက်ဖက်စွာ ပြုပြင်ချယ်သထားသည့် မျက်နှာအသွင်ပြင်အကုန်လုံးက လှရက်တယ်ဆိုတာထပ်ပိုပြီးပြောစရာစကားကိုပျောက်ရှစေတယ်။

"ကိုယ့်ကိုဆင်းလာစေချင်တာလား"

ကားရှေ့မှာရပ်နေတဲ့ သူမကို ခပ်ဆဆစကားနဲ့မေးတော့ အံ့သြဟန်မပြ၊ ဖာသိဖာသာပင်။

"john ရဲ့ ကားက ဘာလို့အရှေ့ကပိတ်ရပ်လဲ၊ ပိတ်ရပ်တော့ ထွက်လာဖို့ခေါ်ရတာပေါ့"

"ကိုယ်ဆိုတာ မင်းလေးဘယ်လိုသိလဲ"

"john ကခု အရှေ့မှာရပ်နေတာလေ ၊ မသိဘဲရှိပ့"

"ကိုယ်ပြောချင်တာက...."

"တော်ပြီ ပိတ်ရပ်မထားနဲ့တော့ အိမ်ပြန်ချင်နေပြီ"

မူးနေပေမယ့်အသိစိတ်ရှိသေးတဲ့ အမျိုးသမီးငယ်က သူ့ကို ဒဲ့တိုးငြင်းပြီးရှောင်ထွက်ဖို့ပြင်လေသည်။
ကိုယ်ဒီတိုင်းလွှတ်ပေးလိုက်ရင် မင်းလေးနဲ့ပိုဝေးသွားရမာ အဲ့ကြောင့် ဒီတစ်ကြိမ်တော့ မင်းအပေါ်အခွင့်ရေးယူပါရစေ။
လှည့်ထွက်သွားတဲ့ ခန္ဓာကိုယ်ကို ဆွဲကာ ကားနဲ့သူရဲ့ကြားမှာညှပ်ထားလိုက်သည်။
သူမ က ရုန်းပေမယ့် ကိုယ်ကတော့တင်းကြပ်စွာချုပ်နှောင်လိုက်မိသည်။
အချစ်အတွက်နဲ့ ဒီတစ်ကြိမ်တော့ ကိုယ်အတ္တကြီးပါရစေ။

The love(အချစ်တို့သည်)🖤(Completed)Donde viven las historias. Descúbrelo ahora