29🖤

2.7K 160 6
                                    

Unicode.
.
.
.
နောက်ရက်တွေမှာ တစ်အိမ်လုံးသဲသဲလှုပ်က တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ပါဖြစ်လာခဲ့သည်။
ကိုယ်ဝန်က နုသေးတာကြောင့် အိမ့် ကပုံမှန်အတိုင်းနေပေမယ့် ပုံမှန်မဟုတ်နေသူကတော့ ကိုကိုနဲ့ ဖွားပင်။

ကိုကိုကလဲ လမ်းလျောက်ရင်ကအစ အသေးစိတ်လိုက်ထိန်းပြီး ဖွားကလည်းအစားစားရင်ကအစ အာဟာရပြည့်တာတွေ အားရှိတာတွေဘဲစားခိုင်းတာကြောင့် အိမ့်ခဗျာ တစ်ပတ်အတွင်း ဝိတ်တွေတက်လာသယောင်ခံစားလာရသည်။

"ယောကျာ်း နေ့ဘက်ကြီးအရမ်းပျင်းစရာကောင်းတယ်"

ချစ်စရာမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ချွဲနေတဲ့ မိန်းမကိုကြည့်ပြီး နော်ရယ် အသဲတွေယားနေမိသည်။ တစ်ဆတစ်ဆ နဲ့ ထွက်လာမယ့် ဗိုက်ပူပူလေးကိုမြင်ယောင်မိရင် နော်ရယ် အသဲတွေပြုတ်ထွက်မတတ် အူတွေပြတ်ထွက်မတတ်ကို အသဲအူတွေယားမိသည်။
သုလေးဘယ်ကိုခြေဦးတည့်ချင်တယ်ဆိုတာသိသည်။ ဒါကြောင့် နော်ရယ် စကားလမ်းဖောက်ပေးလိုက်၏။

"အွန်း နေ့ဘက်ပျင်းတော့ မိန်းမက ဘယ်သွားချင်လို့လဲ"

မျက်ဝန်းလေးကလက်ခနဲ ပြူးသွားကာ ကိုယ်ရှိန်သတ်ပြီး စပ်ဖြီးဖြီးနဲ့ပြုံးပြလာသည့် မိန်းမလေး.....သိတာပေါ့ ဒီယောကျာ်းကသိတာပေါ့ မိန်းမလေး အပြင်အရမ်းထွက်ချင်နေတယ်ဆိုတာကို......။

"ဟီး အဲ့ဒါကလေ ဟိုးဘက်နားကအသစ်ဖွင့်တဲ့ ပန်းခြံ ဒေလီယာပန်းတွေကြီးစိုက်ထားတဲ့ပန်းခြံကိုလည်ချင်တာ ဟီး"

တစ် ဟီးဟီး နဲ့ မျက်နှာချိုသွေးနေတဲ့ မိန်းမလေးကြောင့် နော်ရယ် မိန်းမလေးပါးဖောင်းဖောင်းကိုအသဲယားစွာ ဆွဲလိုက်သည်။
သူမိန်းမလေးကိုချုပ်ချယ်မထားချင်ပေမယ့် ပေးလဲမလွှတ်ချင်ဘူး မယုံကြည်တာမရှိဘူး၊ ယုံကြည်တယ်အပြည့်အဝဘဲ ထိခိုက်မှာစိုးလို့ သူ့ဘဝအသက်ညှာလေးထိခိုက်လာမှစိုး၍ပင်။ သေးသေးလေးတောင်အထိခိုက်မခံနိင်တာမလို့ ချုပ်ချယ်မိနေတာပင်။

"အွန်း ကိုယ်လိုက်ပို့ပေးမယ်"

"တစ်ကယ်လား....ရေး "

ထခုန်မလိုဖြစ်တဲ့ မိန်းမလေးကို နော်ရယ် ဖမ်းဆွဲထားလိုက်သည်။ ဒါတောင် ဟီး ခနဲရယ်ပြကာ အဝတ်အစားကောက်လဲနေလေရဲ့။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now