22🖤

2.7K 183 14
                                    

Unicode.
.
.
.
.
အလုပ်တွေအားလုံးပြီးလို့ ညနေရောက်သည်ထိ ငယ်က မနိုးလာသေးပေ။
ဘယ်လိုတောင် အအိပ်မက်တဲ့ ကလေးလဲကွာ လည်ပင်းတစ်ဖက်ဘဲ စောင်းအိပ်တာကြာတာတောင် ညောင်းမှန်းမသိအောင်ထိ။
အချိန်က ၅နာရီထိတောင် ရောက်သွားပြီမလို့နော်ရယ် ကိုယ်ပေါ်က ငယ့် ကိုယ်လုံးလေးကို အသာယာထိတွေ့ပြီးနှိုးလိုက်သည်။

"ငယ်....ထတော့ ငယ်...ကလေးလေး...ညနေစောင်းနေပြီ ထတော့နော်....ဘေဘီလေး ထတော့"

ပုခုံး ထပ်အိပ်ပျော်နေတဲ့ ပေါက်စက အင်း အဲသာ အသံပြုပြီး ပြန်ဖက်ကာ အိပ်ပြန်လေသည်။

"ငယ် မထရင် ကိုကို ပုခုံးကြီးပြုတ်ထွက်သွားလိမ့်မယ်နော်"

ခြိမ်ခြောက်သံစွတ်တော့မှ ဇက်ခနဲခေါင်းထောင်လာတဲ့ ကလေးငယ် ချစ်ဖို့ကောင်းချက်...ကိုယ်နာကျဥ်တယ်လို့ငြီးလိုက်ရင် အသေလဲ စိုးရိမ်တတ်တဲ့ ကလေးငယ်...။

"အာ..ကိုကိုကလဲ စောစောကမပြောဘူး... အရမ်းနာနေလားဟင်"

လက်ဖဝါးသေးသေးလေးက ပုခုံးလေးကို နှိပ်နယ်ပေးကာ နှုတ်ခမ်းလေး စူသယောင်ယောင်နဲ့ ရန်တွေ့နေတဲ့ ကလေးပေါက်စပါလေ။

"မိန်းမ နှိပ်ပေးလိုက်တာ သက်သာသွားပြီ....အား...အညောင်းညာတွေကိုပြေသွားတာဘဲ"

အိမ့် မျက်စောင်းလေး ကိုကို့ကိုထိုးလိုက်သည်။ ဘာမှန်းမသိဘူး လူကို စိတ်ပူအောင်တစ်အားလုပ်တာ....လူဆိုးကြီး....... ။

မျက်စောင်းလေးက ဒိုင်းခနဲ ရင်ခွင်ထဲဝင်ကာနှလုံးသားကိုဖြတ်ကျော်သွား၍ နော်ရယ် ဟန်မူပိုကာ နှလုံးလေးကိုကိုင်ပြပြီး နာကျဥ်သွားဟန် ဖြင့်......။

"အာ့..... မိန်းမ မျက်စောင်းလေးကြောင့် နှလုံးတောင်အခုန်မြန်ကုန်ပြီကွာ....."

"ကိုကိုကွာ.... "

ဆိုပြီး ပစ်ဝင်လာတဲ့ လက်သီးဆုပ်လေးကို ဖမ်းထိန်းကာ စွာတေးလန် နှုတ်ခမ်းသားကို မြည်းစမ်းပစ်လိုက်သည်။
ချိုသည်....စတော်ဘယ်ရီလိုဘဲ....စိမ့်စိမ့်လေးနဲ့ အိအိလေး....။

"အွန့်...ရပ်တော့...ကိုကိုး...ပြွတ်စ်"

ရုန်းကန်နေတဲ့ ကလေးလေးကြောင့် နော်ရယ် လွှတ်ပေးခါနီး ကိုက်လိုက်သေးသည်။
အသဲသက်ညှာက စိတ်ကောက်မျက်စောင်းလေးထိုးပြီး ကိုယ်ပေါ်က လုံးတုံးလုံးတုံးနဲ့ ဆင်းသွားလေသည်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now