16🖤

2.4K 199 0
                                    

Unicode.
.
.
.
.
ပျော်ရွှင်နေတဲ့ အိမ့်က condo ပိုင်ရှင်ကြီးဆီမှာ သော့ယူကာ အခန်းနံပါတ်548 ဆိုတဲ့ အခန်းကို ဝင်ကာ ကြည့်နေလေသည်။
5 4 8 တဲ့ ငါး လေး ရှစ် ဒီနံပါတ် လေးက ကိုကို့ကိုသာ ရည်ညွှန်းထားခြင်းပင်.....။
အချစ်သက်သေတွေဖော်ပြစရာမရှိပါဘူး ဒါပေမယ့် ကိုကိုသာကြည့်တတ်ရင်မြင်ကောင်းပါရဲ့......။

အိမ့် အခန်းတွင်း ဝင်ကြည့်နေသည်မှာ တစ်ယောက်ထဲတော့ မဟုတ်ပေ။ အိမ့်နဲ့အတူ နှင်းပါပါ ၏။ သွက်လက်တဲ့ ဂျူလိုင်ကတော့ condo တိုက်ခန်းကို စျေးညှိနေလေ၏။
Condo အခန်းက ကျယ်လွန်းတယ်ဆိုတာ အိမ့်နဲ့ နှင်းရဲ့ အကွားအဝေး တစ်ခုကိုကြည့်ရင်သိ၏။ လှမ်းခေါ်ရင်တောင် မကြားရသည်ထိပင်။

အိမ့်က အိပ်ခန်းတွင်း ဖွဲ့စည်းပုံကို သေချာလိုက်ကြည့်နေမိတယ်။ပိုင်ရှင်ကြီးပြောတာကတော့ အခန်း က အသံလုံတယ်တဲ့ ....။
အခန်းရဲ့ ဖွဲ့စည်းထားပုံမှာ စနစ်ကျလှ၏။
အခန်း တွင်း ဖွင့်စည်းပုံကို ကြည့်အပြီးမှာ အိမ့် ပြန်ထွက်မယ်အပြု..။
တံခါးကိုကြည့်လိုက်တော့ လော့ချထားလေသည်။
^ဟင် ငါဝင်တုန်းက တံခါးမပိတ်ခဲ့ပါဘူး ^
သေချာပေါက် ဖွင့်လျက်ထားခဲ့တဲ့ တံခါး​က ခုတော့ပိတ်နေလေ၏။ မသိစိတ်က ကြောက်စိတ်ဝင်ပေမယ့် ပိတ်မိနေမည်ကို ပိုကြောက်မိ၏။ မရဲတရဲနဲ့ တံခါးနားတိုးကပ်သွားသည်နှင့် စိမ်းရွှင်ရွှင် အနံ့နဲ့အတူ ခေါင်းတစ်ခုလုံးမူးနောက်ကာ မျက်ဝန်းတို့ပိတ်ကျပြီး အမှောင်ဖုံးသွားလေသည်။
ထို့နောက် အသိစိတ်တို့လွတ်ကင်းရာ လေဟာနယ်ပြင်သို့......။

လှဲကျတော့မည့်အိမ့်ကိုယ်လေးကို အနောက်ကနေ ပွေ့ဖက်ထားသူက ကိုထက်...။
ယောကျာ်းသားဖြစ်တဲ့သူက သေချာပေါက် နော်ရယ်ကိုတော့ အရှုံးပေးမည်မဟုတ်.....။

မေ့နေတဲ့ အိမ့်ကိုယ်လေးကို ပွေ့ချီကာ အခန်းထဲကနေထွက်လာလိုက်သည်....။
ဆိုဖာပေါ်ကအိမ့် သူငယ်ချင်းဖြစ်သူ နှင်းကို လျစ်လျူရှုထားခဲ့ကာ ထွက်ခွာလာခဲ့သည်။

အချစ်တွေရဲ့အလွန်မှာ
အတ္တဆိုတဲ့အရာသေးသေးလေးကကပ်ပါလာစမြဲပါဘဲ......

ကိုထက်ဟာ အိမ့်တို့ကားထွက်သွားသည်နှင့်
မကြိတ်နိုင်မခဲနိုင်ဖြစ်ကာ တောက်ခေါက်ပြီး ခဏအကြာမှာ အိမ့်ကားနောက်ကနေ နောက်ယောင်ခံလိုက်ခဲ့၏။ အိမ့်တို့ကားဟာ လမ်း အလယ်မှာတစ်ခါကြာရှည်စွာ ရပ်နေပြီး နောက်တော့ပြန်ထွက်သွားပြန်သည်။ ကိုထက်လည်း အနောက်ကနေ တစ်စက္ကန့်မှမခြား လိုက်လာသည်ကိုတော့သူတို့မသိကျချေ။ မကြာခင်ဘဲ Rel ဆိုတဲ့ company အရောက်မှာ အိမ့်ကိုယ် ကိုပွေ့ဆင်းသွားတဲ့ နော်ရယ်ကိုတွေ့လိုက်ရသည်။ အမြဲလိုလို ထိုကောင်ကိုသာ သတ်ချင်နေတဲ့ ကိုထက်အဖို့တော့ လက်သီးကိုဆုပ်ကာ တောက်ဘဲခေါက်လိုက်၏။ အခုချိန်မှာသူ့လက်ထဲ အိမ့်မရှိသေး၍ပင်။
အိမ့်ကသေချာပေါက် ငါ့အပိုင်ဆိုတာ မင်းသိရမယ် နော်ရယ် လို့ကြုံးဝါးလိုက်၏။
ဆယ်တန်းကတည်းထိုစကားကိုကြုံးဝါးခဲ့တာကလည်း ယခုချိန်ထိကြုံးဝါးနေရစဲပင်။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now