20🖤

3.6K 177 8
                                    

Unicode.
.
.
.
.
>>ဟယ်လို jin မင်း john ကိုခေါ်ပြီးမြန်မာပြည်ကိုလာခဲ့

>>ဟေး နော်ရယ် မင်းရူးသွားပြီလား ဒီမှာအလုပ်တွေနဲ့ကွ...

တစ်ဖက်မှ jin ရဲ့ ဒေါသမစွတ်အော်သံကြောင့် နော်ရယ် ဖုန်းကို နားနားကနေခနခွာလိုက်ရသည်။ ဒီကောင် အသံတစ်အားကျယ်တယ်။

>>အဲ့ အလုပ်က ငါ့မဂ်လာပွဲ ထက်ပိုအရေးကြီးလား jin

>>ဘာ ......မင်း မိန်းမယူတော့မှာလား

>>အေး ယူတော့မှာ..။

>>မြန်မာပြည်မှာ လိင်တူလက်ထပ်လို့ရ လို့လား....။

တစ်ဖက်မှ jinရဲ့ ခပ်လျော့လျော့လေသံက စိတ်မကောင်းနေဟန်ပင်...။

>>ငါ စီစဥ်ထားပြီးပြီ အဲ့ရောက်မှ လက်ထပ်မှတ်ပုံတင်တာပြန်လုပ်ပြီး တစ်ခါ မဂ်လာပြန်ဆောင်မယ်....။

>>အေးပါ...အေးပါ....boss စိတ်ကြိုက်လုပ်ပါ....။

>>ကြက်သီးထစရာကောင်းလိုက်တဲ့လေသံ....။

>>ဘာ...ဟေ့...ဟေ့ကောင်...မင်း..မင်း...

တစ်ဖက်မှကျသွားသည့် ဖုန်းကိုမကြိတ်နိုင်မခဲနိုင်ဖြစ်နေသော jin ကို....ဘေးနားက jhon က ကြိတ်လှောင်နေလေသည်။ ဒီနှစ်ကောင်ရဲ့ စောက်ကျင့်တွေကအတူတူဘဲ..။
မတူတာတစ်ခုက နော်ရယ် မင်းက မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တာဘဲ။
နှစ်တွေကြာလာလေ မင်းက ယောကျာ်းလေးလိုဖြစ်လာပေမယ့် ငါတို့မျက်လုံးထဲတော့ မင်းက သန်မာတဲ့ မိန်းကလေးတစ်ယောက်ပါဘဲ....။ငါတို့ စတွေ့ချိန်တုန်းက မင်းကို နုနယ်တဲ့ယောကျာ်းလေးလို့ငါတို့ထင်ခဲ့ကျတာ ဒါပေမယ့် မင်းကကြမ်းတမ်းတဲ့ ကျားမလေး ဖြစ်နေခဲ့တာ....ငါတို့သိရတဲ့အချိန်မှာ ငါတို့ကအရင်နှီးဆုံးနဲ့အနက်ရှိုင်းဆုံးသံယောဇဥ်တွေကို ချိတ်တွယ်ထားတဲ့ မိသားစုဝင်ကဲ့သို့ သူငယ်ချင်းမိတ်ဆွေဖြစ်နေခဲ့ကျပြီ....ဒါကြောင့်ဒီအမှန်တရားကို မေ့ထားတာ ရာစုနှစ်တစ်ခုတောင်ကြာခဲ့ပြီမလား...ဒါပေမယ့် ဒီနေ့ငါပြန်စဥ်းစားမိတယ် နော်ရယ် ဒီဘဝတစ်လျောက် မင်းအဆင်မှပြေပါ့မလား....။

---------------------------------------------------------

အိပ်ယာထပ် မွေ့လျော်စွာအိပ်နေတဲ့ ကလေးငယ်ရဲ့ နဖူးပေါ်က ဆံစလေးတွေကိုသပ်တင်ပေးကာ အနမ်းတစ်ပွင့်ဆုချလိုက်သည်။ ဒီကလေးငယ် နုနယ်လွန်းအားကြီးတယ်...ဒါကြောင့် ဒီကိုကို ကမင်းကိုအပြည့်အဝ စောင့်ရှောက်ပေးမယ် ငယ်......။

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now