11🖤

2.8K 217 1
                                    

Unicode.
.
.
.
"မဖြစ်ဘူး မဖြစ်ဘူး အား ဖေဖေ"
အိမ်မက်ဆိုးကြောင့် အိမ့်ရုတ်တရက် နိုးလာခဲ့တယ်။ အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အိမ့် အိပ်ခန်းမဟုတ်တာကြောင့် ဟိုကြည့်ဒီကြည့် နဲ့ လူရှိလို့ရှိညားရှာကြည့်မိတယ်။

နော်ရယ် ငယ့်တွက် စီစဥ်ထားတဲ့ အခန်းဘက် ေရာက်နေစဥ် ရုတ်တရက် ငယ့်အော်သံကြားတာကြောင့် အပြေး အခန်းဘက်ကို သွားလိုက်တယ်။
အခန်းထဲရောက်ရောက်ချင်းငယ်ဟာ မွေ့ယာပေါ်မှာ ငုတ်တုတ်လေးထိုင်ကာ ကြောက်ရွံ့နေလေတယ်။
ဒီ အခန်းသည် နော်ရယ် အခန်းဖြစ်တာကြောင့် တော်ရုံတန်ရုံအသံကြားရုံနဲ့ အိမ်တော်ထဲက အစေခံမှန်သမျှ အိမ်ထိမ်းအပါအဝင်မည်သူမျှမဝင်ရဲချေ။

"ငယ် ငယ်ဘာဖြစ်လို့လဲ"

"ဟင့် ကိိုကို ဟင့်"

"ဟုတ်ပြီ မငိုနဲ့တော့ ကိုကိုရှိတယ် ငယ့်မျက်လုံးတွေနာနေလိမ့်မယ်"

"ဟင့် ဟုတ်"
အငိုတိတ်သွားပေမယ့် ပါးပြင်ပေါ်က သနပ်ခါးပေါ်မှာ မျက်ရည်စီးချောင်းလေးတွေက ရှိနေသးတယ်။
ငယ် ငိုရင် ကိုကိုရဲ့ရင်ဘတ်ထဲက နာလိုက်တာ

"အဆင်ပြေလားငယ်"

"ဟုတ် ကိုကို ဒါနဲ့ ငယ်တိူ့ဘယ်ရောက်နေတာလဲ ဟင်"

"ဒါ ကိုကို့အိမ်လေ "

"ဪ"

"ငယ့်ကို ကိုကိုမေးမယ်နော် ငယ်ဘာလို့ ငိုတာလဲ"

"ငယ် အိမ်မက်ဆိုးမက်တယ် ကိုကို လွန်ခဲ့တဲ့နှစ်တွေတုန်းက အကြောင်းတွေ"

"တော်ပြီ ဆက်မပြောနဲ့တော့ အတိတ်အိမ်မက်ဆိုး တွေထဲကနေ လွတ်မြောက်ပြီး ကိုကိုအချစ်တွေနဲ့ ကောင်းမွန်စွာ ပြန်ရှင်သန်ပေး ငယ်"

"ဟုတ် ကိုကို "

ရင်ခွင်ထဲကို တိုးဝှေ့လာတဲ့ ငယ့်ကိုယ်လေးကို ပြန်ဖက်ထားလိုက်တယ်။

ကိုကိုသာ ငယ့်နားရှိရင် အတိတ် မပြောနဲ့ အနာဂတ်တောင် မေ့ထားပြီ ကိုကိုနားမှာဘဲ ရှင်သန်ချင်တယ်..

"ဗိုက်ဆာပြီလားငယ် "

"အင်း ကိုကို"

"အဲ့ဆိုထ"

The love(အချစ်တို့သည်)🖤(Completed)Where stories live. Discover now