Unicode.
.
.
.
.
.
1Month later......../ကိုယ်ဝန်ဆောင်ဖို့ ကိုကို့ဆီဖွင့်ဟပြီးကထဲက အိမ်တို့များ ကြမ်းပြင်နဲ့ ခြေထောက်နဲ့လွတ်နေခဲ့တာကြာပြီရယ်....။
စိတ်ပူတတ်လွန်းတဲ့ကိုကိုက ဘယ်သွားသွား အိမ့်ကို သူကိုယ်တိုင်ချီခေါ်တယ် ပွေ့ခေါ်တယ် တစ်ခါတစ်လေ ပိုးခေါ်သေးတာ....။မြန်မာပြည်ထပ်အဂ်လန်ကပိုပျော်စရာကောင်းတာကြောင့် မိသားစုလိုက်မပြန်ကျသေးဘဲ ဒီမှာရှိနေကျတုန်းပင်။
တစ်လအချိန်ထိရောက်လာပေမယ့် ထူးထူးခြားခြား ဗိုက်ကဘာမှအချက်မပြလာတာကြောင့် အိမ့်စိတ်ညစ်နေရသည်။ကိုကိုက ကလေးကိုထင်သလောက်မချစ်ပေမယ့် အိမ့်ကိုတော့ တုန်နေအောင်ချစ်ပေးလေသည်။
သက်သက်အဲ့လူကြီးသဝန်တိုနေတာ မမွေးသေးတဲ့ကလေးနဲ့အပြိုင်ကို.........!"မိန်းမ ထတော့လေ breakfast စားရအောင်"
အေးစိမ့်နေတဲ့ လက်ဖဝါးနဲ့ ပါးကိုလာကိုင်တာမလို့ အိမ့် ကိုကိုလက်ကိုပုတ်ထုတ်လိုက်သည်။ မြန်မာပြည်က ဆောင်းရာသီတောင် မခံနိုင်ပါဘူးဆို ဒီမှာရဲ့ နှင်းခဲတာကိုခံနိုင်မည်တဲ့လား။
"အင်း......ထချင်ဝူး....အေးတယ်ဆို"
စောင်တွေကိုပြန်ဆွဲကာ မျက်နှာလေးတင်ဖော်ပြိး ပုဇွန်ထုပ်လို ကွေးကွေးလေးအိပ်နေတဲ့ ငယ့်ကို နော်ရယ် အူယားမဆုံး ဖြစ်မိ၏။
တစ်နေ့တစ်ခြားအသားရည်ပိုကြည်လင်ကာ မျက်လုံးဝိုင်းဝိုင်း မျက်ဆံတောက်တောက် နှာလုံးရဲရဲ ပါးဖောင်ဖောင်းလေး တွေက ပိုပြီးအူယားစရာ အသဲယားစရာကောင်းလောက်အောင်ကို ဖြူဥနေလေသည်။ နော်ရယ် ထတဲ့အချိန်က 10နာရီကျော်ဖြစ်ပေမယ့် အပြင်မှာတော့ နှင်းဖွဲဖွဲတွေက ရောင်နီကြားမှာကျရောက်နေတုန်းပင်။ အပြင်ခနထွက်ကာ စိတ်ကြည်အောင် နှင်းတွေကို ကိုင်ပြီးမှ မိန်းမကိုလာထိတာကြောင့် နီတာရဲ ပါးဖောင်းကြိီးက ရက်ရက်စက်စက်ရိုက်ထုပ်လေသည်။
ငယ့်တစ်ကိုယ်လုံးက အူယားစရာမလို့ ကိုင်စောင့်ချင်စိတ်ကထိန်းမရချေ။"မိန်းမလေး 11တောင်ကျော်နေပြီနော် breakfast လွတ်တော့မယ် ၊ ဘေဘီတွေမွေးဦးမာဆို"
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022