Unicode.
.
.
.
.
မဂ်လာပွဲ အပြီးနောက်တစ်ရက်နော်ရယ် အဖွားက သူ့မြေးချွေးမကို အဂ်လန်ကို ခေါ်သွားချင်ပါတယ် ဆိုသောကြောင့် နော်ရယ် နဲ့အတူ ငယ်ရော ငယ်မေမေရော ငယ့်သူငယ်ချင်းနှစ်ယောက်ပါ အဝတ်စားတွေပြင်ဆင်ကာ ထည့်သိမ်းနေကျလေသည်။
အပျင်းလေးငယ်ကတော့ ဖုန်လေးပွတ်ကာ ဝမ်းလျားမှောက်ပြီး မုန့်စားရင်းကြည့်နေလေရဲ့။
ပြောင်ချော ဂါဝန်တစ်ကိုင်းကြိုးကိုဝတ်ထားတဲ့ ငယ် ရင်ဟိုက်ဖြစ်တာကြောင့် ဖွေးဖွေးဥဥပေါက်စီ နှစ်လုံး ကပြူထွက်နေလေရဲ့။
နော်ရယ် ဆုတ်နယ်ပါများတော့ လက်ယောင်လိုက်ကာ ပိုကြီးထွားလာတဲ့ ပေါက်စီ ကြီးတွေကို နော်ရယ် ကိုယ်တိုင်လဲ သဘောခွေ့လေသည်။
တခစ်ခစ်နဲ့ဘာတွေသဘောကျနေလဲ မသိပေမယ့် သွားသေးသေးလေးတွေပေါ်အောင်ရယ်နေတဲ့ ငယ့်ကို နော်ရယ် ကြည့်မဝရှုမဝဖြစ်နေလေရဲ့။"မိန်းမလေး ဘာတွေကြည့်နေတာလဲ"
"Hee..... တရုတ်ဟာသတွေလေ ယောကျာ်းရဲ့"
ပါးဖောင်းဖောင်းလေးတွေ မို့တက်လာအောင်ရယ်ရင်း မုန့်ဖက်တွေပေပွနေတဲ့ နှုတ်ခမ်းပိစိလေး အင်း.....နော်ရယ် လျှာသပ်လိုက်မိကာ တံတွေးမြိုချလိုက်မိတယ်။
မနမ်းရအမိန့်ကြောင့် နော်ရယ်စိတ်ထိန်းလိုက်ရသည်။ စိတ်မထိန်းနိုင်၍ တစ်နေ့က အနမ်းလွန်လို့ နှုတ်ခမ်းပေါက်သွားတာ ညကျ ငယ်က spicy စားတော့ စပ်လွန်းလို့ဆိုပြီးအော်ငိုရင်းကနေ ကိုကို ကိုက်လို့အဲ့လိုဖြစ်တာဆိုပြီး တစ်ပတ်တိတိ မနမ်းရအမိန့်ကိုထုတ်ထားလေသည်။စိတ်ထိန်း မနမ်းရအမိန့်ရှိသေးတယ် နော်ရယ် ။
ကိုယ့်ဖာသာပြန်သတိပေးရင်း ငယ့်ဆီကအကြည့်လွဲလိုက်သည်။ ကျန်သေးတဲ့ ငယ့်အတွင်းခံတွေကို သေချာစီထည့်ရင်း အမွှေးနံနံသင်းသင်းလေးကိုအာရုံခံလိုက်ရသည်။ဟူး နော်ရယ် ဘဝက မြင်သာမြင်မကြင်ရတဲ့အဖြစ်လိုမျိုး........ ခက်ပါတယ်....။
"ဒေါက် ဒေါက် ဒေါက်"
တံခါးသုံးချက်ဆင့်ခေါက်သံကြောင့် နော်ရယ်
တံခါးသွားဖွင့်ပေးလိုက်သည်။
ဝင်လာသူက တခြားသူမဟုတ် နော်ရယ်ကို ချစ်လှစွာသော ဖွားဖွားပင်။
ESTÁS LEYENDO
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022